ပလက်ဝနှင့် စစ်တွေ ဆိပ်ကမ်းလုပ်ဆောင်ခွင့် ကုမ္ပဏီစာရင်းကို ဒီဇင်ဘာတွင် ထုတ်ပြန်မည်


15 September, 2019

အိန္ဒိယနိုင်ငံက ဆောင် ရွက်နေသည့် ကုလားတန်ဘက်စုံ သုံးစီမံကိန်း၏ ပလက်ဝနှင့် စစ်တွေဆိပ်ကမ်းများ လုပ်ဆောင်ခွင့်ရကုမ္ပဏီများကို လာမည့် ဒီဇင်ဘာတွင် ထုတ်ပြန်ကြေညာမည်ဟု အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည် ရခိုင်ပြည်နယ်ရှိ စစ် တွေ ကုန်းတွင်းဆိပ်ကမ်းနှင့် ချင်းပြည်နယ်ရှိ ပလက်ဝဆိပ်ကမ်းတို့ ကို စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည် ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း တို့ ဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းအတွက် A2Z Group Construction En-gineering ကုမ္ပဏီက ဈေးအနည်းဆုံး တင်ဒါတင်သွင်းခဲ့သည်ဟု အိန္ဒိယသတင်းစာများတွင် ဖော်ပြထားသည်။အဆိုပါ ကုမ္ပဏီသည် မြန်မာကုမ္ပဏီနှင့် ပူးတွဲ၍ တင်ဒါတင်သွင်းခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ထိုစီမံကိန်းများ ဆောင်ရွက် လိုသည့် ကုမ္ပဏီများကို အိန္ဒိယအစိုးရက မေလ ၁၆ ရက်တွင် စတင်ဖိတ်ခေါ်သည်။

ကုမ္ပဏီများသည် ဂုဏ်သတင်းကျော်ကြား သောအိန္ဒိယကုမ္ပဏီ (သို့မဟုတ်)အိန္ဒိယကုမ္ပဏီက ဦးဆောင် သည့် မြန်မာ-အိန္ဒိယ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီဖြစ်ရန် လိုအပ်ကြောင်း အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့က ဆိုထားသည်။

ကန်ဒေါ်လာ သန်း ၅၀၀ တန် ကုလားတန်ဘက်စုံသုံး စီမံကိန်း သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကို ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက် သွယ်ရန်ဖြစ်ပြီး စီမံကိန်းကို ၂၀၂၀ တွင် အပြီးသတ်ရန် စီစဉ် ထားသည်။

‘‘ဒီစီမံကိန်းက နှစ်နိုင်ငံ ခေါင်းဆောင်ချင်း ချစ်ကြည်ရေး အရ သဘောတူထားတဲ့ စီမံကိန်း ဖြစ်တယ်။ အခုလည်း အိန္ဒိယမှာ မိုဒီက ပြန်ပြီးအာဏာရလာတော့ AA က နှောင့်ယှက်လည်း ရပ်တန့် သွားမယ့် စီမံကိန်းမဟုတ်ပါဘူး’’ ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

အဆိုပါစီမံကိန်းသည် ရခိုင် ပြည်နယ် စစ်တွေမှ ကုလားတန် မြစ်ကို ရေကြောင်းဖြင့် ဖြတ်သန်း ပြီး ချင်းပြည်နယ် ပလက်ဝမြို့မှ ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ် မြို့သို့ ဆက်သွယ်ရန်ဖြစ်သည်။ ယင်းစီမံကိန်းကို ၂၀၁၄ တွင် စတင်ပြီး အိန္ဒိယက အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၃ ရက်တွင် အဆို ပါစီမံကိန်း၌ လာရောက်လုပ်ကိုင် နေသည့် အိန္ဒိယနိုင်ငံသားများကို ကျောက်တော်နှင့် ပလက်ဝမြို့နယ်ကြား ကုလားတန်မြစ် ကြောင်းအတွင်း AA က နိုဝင်ဘာ ၃ ရက်တွင် ဖမ်းဆီးခဲ့သည်။ထိုဖမ်းဆီးမှုတွင် ချင်းအမျိုး သား ကိုယ်စားလှယ်တစ်ဦး၊ အိန္ဒိယနိုင်ငံသား ငါးဦးနှင့် အရပ် သားလေးဦး အပါအဝင် ၁၀ ဦးတို့ ပါဝင်သည်။

ရခိုင်ပြည်နယ် စည်ပင်သာ ယာရေးဝန်ကြီး ဦးဝင်းမြင့်က ‘‘တခြားမြို့နယ်တွေမှာ ဖြစ်ပေ မယ့် စစ်တွေဆိပ်ကမ်းကတော့ စစ်တွေမြို့နားမှာ ဆောင်ရွက်နေ တာမို့ အခုချိန်ထိတော့ တိုက်ပွဲ ကြားမှာ မပါဘူး။ အန္တရာယ်မရှိ ပါဘူး’’ဟု ဆိုသည်။

ကုလားတန်ဘက်စုံသုံး စီမံ ကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ် သည့် ပလက်ဝတံတား တည် ဆောက်ရေး သံပေါင်များ သယ် ဆောင်လာသည့် သင်္ဘောကို AA အဖွဲ့က မတ်လအတွင်း မီးရှို့ ဖျက်ဆီး၍ တံတားတည်ဆောက် ရေး စီမံကိန်းယာယီရပ်ဆိုင်းထား သည်။ AA အဖွဲ့က အဆိုပါ စီမံ ကိန်း၌ လမ်းဖောက်လုပ်ရေး ဆောင်ရွက်နေသည့် အလုပ်သမားရှစ်ဦးကို မတ်လ ၃၀ ရက်တွင် ဖမ်းဆီးထားသည်။

Local Read 191 times