အငှားသွက်လက်စက်မှုဇုန်ဧကကွက် 


06 December, 2020

 စက်မှုဇုန်များဘက်က ဂိုဒေါင်အကြီးစားပါဝင်သော ဧကကွက်အချို့ ယခုရက်ပိုင်းအငှားသွက်နေသည်ဟု အကျိုးဆောင်လုပ်ငန်းအချို့က သိရပါသည်။

မြေကွက်အငှားဈေးနှုန်းများ
******************
           စက်မှုဇုန်၊ ပတ်ဝန်းကျင်ရှိ ဂိုဒေါင်ပါ မြေကွက်အငှားဈေးနှုန်းများက နေရာအနေအထား အကျယ်အဝန်းအလိုက် ကျပ်သိန်း (၂၀) ကျော်မှ သိန်း (၁၀၀) ကျော်အထိရှိပြီး အကျယ်အဝန်းနှင့် လမ်းအနေအထားပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးကွာခြားသည်ဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးမျိုးက ပြောပါသည်။

စက်မှုဇုန်ဝန်းကျင်ရှိ ဂိုဒေါင်အငှား ဈေးကွက်သွက်နေပြီး ငှားရမ်းလိုသူ မြင့်တက်လာသည်နှင့်အမျှ အငှားဈေးများလည်း မြင့်တက်နေပါသည်။ မြေကွက် ကျယ်ကျယ်များ ပိုမိုဈေးတက်တယ်။ ယခုနေရာများ၏ ငှားရမ်းခနှုန်းထားသည် တစ်လပျမ်းမျှ ကျပ်သိန်း (၃၀)ခန့်မှ ရာပိုင်းအထိ ရှိသည်၊ ပြီးခဲ့သည့် (၂၀၁၇) ခုနှင့် နှိုင်းယှဉ်လျှင် (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းခန့်ထိ ဈေးတက်သည်။

အိမ်ခြံမြေအရောင်းပြပွဲကြီး
*****************
(၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးအလုံမြို့နယ်ရှိ Shwe Zabu River View နှင့် Pan Swal Taw ကွန်ဒိုများအရောင်းပြပွဲ Grand Wireless (M.M.M Construction )

ငှာရမ်းမှုများလာ
**********
          ထိုအခြေနေတွင် စက်မှုဇုန် မြေအရာင်းအဝယ်ဈေးကွက် ကျဆင်းနေသကဲ့သို့ ဈေးများကလည်း ကျဆင်းသည်။ ထိုအတွက် ပိုင်ရှင်အချို့က အရှုံးခံမရောင်းချင်ခြင်းကလည်း ဂိုဒေါင်ဆောက်လုပ်ငှားရမ်းမှုများ ပိုမိုများပြားစေသည်ဟု သိရပါသည်။ ဒါအပြင် မြေကွက်အလွတ်များကို အဆောက်အအုံများ ဆောက်လုပ်ရန် အစိုးရ၏ သတ်မှတ်ချက်ကို လိုက်နာပြီး ဖြစ်သလို ကျူးကျော်မှု အန္တရာယ်ကိုလည်း ကာကွယ်ပြီးဖြစ်သည့်အတွက် မြေကွက်ပိုင်ရှင်အချို့က ဂိုဒေါင်များ ဆောက်လုပ်ပြန်လည်ငှားရမ်းသည့်လုပ်ငန်းကို ယခုနောက်ပိုင်းမှာ လုပ်တာများလာသည်ဟု အကျိုးဆောင်အချို့က ဆိုပါသည်။

စက်မှုဇုန်မှာ မြေကွက်ငှားရမ်းလိုသူအများစုက အသီးအနှံ၊ စက်ပစ္စည်းနှင့် အခြားကုန်စည်များ သိုလှောင်ရန် အများဆုံး ငှားရမ်းသည်ဟု သိရပါသည်။

Source: imyanmarhouse

Local Read 57 times