Infinity Residence


04 November, 2020


Infinity Residence သည်အမှတ်(၇၇)၊ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိကြောင်းသိရသည်။

မြေဧက ဝဒသမ၅ ဧကပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ်နှစ်ကုန်ပိုင်းခန့်တွင် တည်ဆောက်ပြီးစီးနိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။

စင်ကာပူရှိ Ong & Ong ကုမ္ပဏီမှဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး KHG Developmentမှ တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။

                                                အဆောက်အဦးပုံစံ

Tower A နှင့် Tower B နှစ်မျိုးရှိပြီး အထပ်ပေါင်း၂၈ထပ်မြင့်ပြီး တစ်လွှာတွင်လေးခန်းပါရှိကြောင်းသိရသည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ၉၆ဝကျော်မှ ၃ဝဝဝကျော်ထိကျယ်ဝန်းသည်။

တာဝါနှစ်လုံးလုံးတွင် Pent House ၂လုံးပါဝင်ကြောင်းသိရသည်။

*** သင်စိတ်ဝင်စားနိုင်သည့် ရန်ကုန်မြစ်တွင်မြေသားစမ်းသပ်မှုများဆောင်ရွက်နေသောဒလတံတားတည်ဆောက်ရေး***                                                                                                                       

တာဝါတစ်လုံးတွင် ဓာတ်လှေကား၂စင်းရှိပြီးတာဝါနှစ်လုံး လေးစင်းတပ်ဆင်ပေးမည်ဖြစ်သည်။

ကွန်ဒိုနေသူ များ ကားရပ်နားရာတွင်တစ်ခန်းတစ်စီးနှုန်းစနစ်ဖြင့်ရပ်နားနိုင်စေရန် Basement ၃ထပ်နှင့်Ground ၃ထပ် စုစုပေါင်း ခြောက်ထပ်တည်ဆောက်ထားမည်ဖြစ်ကြောင်းသိရသည်။

၁၆ထပ်တွင် ရေကူးကန်၃ကန်၊အားကစားခန်းမ၊အပန်းဖြေနိုင်သောနေရာများ၊outdoorလေ့ကျင့်ရာနေရာ၊ Function Room၊BBQ Areaများစသည်တို့ထည့်သွင်းတည်ဆောက်ပေးမည်ဖြစ်သည်။

ထို့အပြင် အခန်းအတွင်းပိုင်းအနေဖြင့် ရွေ့ပြောင်းယူ၍မရသောနံရံကပ် ဗီဒိုများ၊မီးဖိုခုံများ၊စသည်တို့ထည့် သွင်းတည်ဆောက်ပေးမည်ဖြစ်ကြောင်းသိရသည်။

                                                ငွေပေးချေမှု

အခန်းတန်ဖိုးမှာ တစ်စတုရန်းပေလျှင်ဒေါ်လာ၂၉ဝ မှ ဒေါ်လာ၃၅ဝ ခန့်မှန်းထားကြောင်းသိရသည်။

အရစ်ကျအနေဖြင့်၂နှစ်အတိုးမဲ့အရစ်ကျ ပေးချေနိုင်ပြီး၅နှစ်အတိုးစနစ်ဖြင့်လည်းပထမလတွင်၅ဝရာခိုင်နှုန်း၊ကျန်၄၅ရာခိုင်နှုန်းအား ၂နှစ်၊Handoverလွှဲချိန်တွင် ၅ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်သည်။

Cash down ဖြင့်လည်းပေးချေနိုင်ကြောင်းသိရသည်။

အခန်းတန်ဖိုးများမှာ အထပ်အလိုက်၊အခန်းအကျယ်အဝန်းနှင့် view အလိုက်ကွာခြားသွားမည်ဖြစ်ကြောင်းသိရသည်။

Residential Read 60 times