ပုဂံဒေသတွင်ခရီးသွားများအတွက် အထောက်အကူပြုရန်သတင်းအချက်အလက်စင်တာတည်ဆောက်မည်


02 November, 2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်JICAတို့ပုူးပေါင်းပြီးပုဂံဒေသတွင်ခရီးသွားများအတွက်အထောက်အကူပြုမည့် သတင်းအချက်အလက်စင်တာတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပုဂံဒေသသို့လာရောက်လည်ပတ်မည့်နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများအတွက်လိုအပ်သော သတင်းအချက်အလက်များနှင့်သိရှိလိုသောသတင်းအချက်အလက်များကိုယင်းသတင်းအချက်အလက်စင်တာမှ အလွယ်တကူသိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းသတင်းအချက်အလက်စင်တာကိုယခုနှစ်အတွင်းအကောင်အထည်ဖော်တည်ဆောက်သွားရန်စီစဉ်ထားပြီးယင်းစင်တာအတွင်းဆွေးနွေးပွဲများ၊ conference များပြုလုပ်နိုင်မည့်ခန်းမများထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်းသိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်မှဒီစင်တာတည်ဆောက်ပြီးသွားပါကနိုင်ငံ ခြားသားဧည့်သည်များသာမကပုဂံသို့လာရောက်လည်ပတ်မည့်ပြည်တွင်းခရီးသွားများအတွက်လည်း အကူအညီရမည်ဖြစ်ပါသည်။

ယင်းသတင်းအချက်အလက်စင်တာတည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင်ပုဂံဒေသခံများမှကန့် ကွက်မှုများရှိနေကြောင်းလည်းသိရသည်။

လက်ရှိအချိန်တွင်ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဖွံ့ဖြိုးရေးအတွက်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနှင့် JICA တို့ပူးပေါင်းပြီး Adminstration & Management Group နှင့် HR Group ဟူ၍ working Group (၃)ခု ဖွဲ့ပြီးဆောင်ရွက်နေကြောင်းသိရသည်။

Source:democracy newspaper

Region Local Read 41 times