အခြေခံအဆောက်အအုံနှင့်သယ်ယူပို့ဆောင်ရေး စာချုပ်စာတမ်းပုံစံများနှင့် လုပ်ထုံးလုပ်နည်းပြောင်းလဲရန်ရှိ


03 December, 2020

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ပိုမိုတိုးတက်ကောင်းမွန် လာစေရန် လက်ရှိ ကျင့်သုံးနေသော စာချုပ်စာ တမ်းပုံစံများနှင့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီး မှ ပြောသည်။

နေပြည်တော်တွင် ပြုလုပ်သော PPP pepf Toll Road and Bridge ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် နိုင်ငံအနှံ့ရှိ လမ်းများကို Public Private Partnership- PPP ဟု ပညာရှင်များခေါ်သော အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အကျိုးတူဆောင်ရွက်သည့်ပုံစံဖြင့်

၁၉၉၆ခုနှစ်ကတည်းက နိုင်ငံသားလုပ်ငန်းရှင်များ နှင့် လက်တွဲဆောင်ရွက်ခဲ့သလို လမ်းအချို့ကိုလည်း တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း(ဘီအိုတီ)ပုံစံဖြင့် ခွင့်ပြုခဲ့သည်။

ထိုစနစ်အရလုပ်ငန်းရှင်များသည် ၎င်းတို့ တာဝန်ယူလုပ်ကိုင်သည့်လမ်းကို ငွေကြေး ရင်းနှီးမြှုပ်နှံတည်ဆောက်ပြုပြင်ရပြီး ထိုအတွက် အစိုးရက၎င်းတို့ကို ကာလသတ်မှတ်ချက်တစ်ခုအတွင်း လမ်းအသုံးပြုကြေး ပြန်လည်ကောက်ခံခွင့်ပေးသည်။

ထိုလမ်းများကို ပြန်လည်ဆန်းစစ်ရာတွင် စီးပွားရေးတွက်ခြေကိုက်သည့်လမ်းများ ရှိသကဲ့သို့ တွက်ခြေမကိုက်ဘဲ ဆောင်ရွက် နေရသည့် လမ်းများလည်း ရှိနေကြောင်း၊ထိုသို့ တွက်ခြေမကိုက်သည့် လမ်းများကိုပြုပြင်ထိန်းသိမ်းရန် အခက်အခဲရှိလာကြောင်း ဝန်ကြီးက ရှင်းပြသည်။ထို့ကြောင့်လည်း အထက်ပါအခြေအနေ နှင့်ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းများနှင့်ညီစေရန် ပြုပြင်သွားမည်ဟု သူကဆိုသည်။

အဓိကပြုပြင်ရန် ဝန်ကြီးက စဉ်းစားထားသည်မှာ လမ်းအသုံးပြုခ ကောက်ခံနှုန်းထားများကို ပုံစံတစ်မျိုးတည်း မသတ်မှတ်ဘဲ လမ်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊

ဖြတ်သန်းသည့် ယာဉ်အစီးရေ စသည့်အခြေအနေပေါ် မူတည်ပြီး အဆင့်အလိုက်ခွဲခြား သတ်မှတ်ရန်၊ လေးလမ်းသွား၊ ခြောက်လမ်း သွားစသည်ဖြင့် လမ်းချဲ့ထွင်ရာတွင်

တစ်ရက်အတွင်း ဖြတ်သန်းသည့် ယာဉ်အစီးရေဖြင့်သတ်မှတ်တိုးချဲ့သည့်စနစ်အစား နိုင်ငံတကာတွင်သုံးသည့် စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်သတ်မှတ်ရန်၊

ဘီအိုတီစာချုပ် ပါအချက်များကို ဖြည့်စွက်ပြင်ဆင်သွားရန် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Region Laws and Regulations Read 111 times