လှိုင်သာယာတွင် တည်ဆောက်မည့် ကုန်းတွင်းဆိပ်ကမ်း


23 November, 2020

ရန်ကုန်တိုင်းရှိ မြစ် ကြောင်းများကို အသုံးပြု၍ အနာ ဂတ်တွင် ကုန်စည်ပို့ဆောင်ရေး တွင်ကျယ်စေရန် လှိုင်သာယာ၌ ကုန်းတွင်းဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်

စီစဉ်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မှ ပြောသည်။

အဆိုပါ စီမံကိန်းကို Ngwe Pin Le Integrated Logistics Zone နှင့် IWT Jetty link Dry Port ဟု ခေါ်ဆိုပြီး လှိုင်သာယာ မြို့နယ် ငွေပင်လယ်စက်မှုဇုန်နှင့် အလယ်ရွာအနီး တည်ရှိသည်။

ယင်းလုပ်ငန်းအတွက် ဧပြီ ၄ ရက်တွင် တင်ဒါလုပ်ငန်းစဉ်ကို တိုင်းအစိုးရက လုပ်ငန်းရှင်များထံ ရှင်းပြခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန် သည်။

ကုန်စည်ပို့ဆောင်ရေးမှာ တကယ်တမ်းဈေးသက်သာဆုံး ပြောရရင် ရေလမ်းခရီးပို့ဆောင် ရေးပင်ဖြစ်သည်။

ယခုချိန်တွင် ဈေးအကြီးဆုံးဖြစ်သည့် ကား လမ်းကိုပဲ အဓိကထား သုံးနေရသည့်အတွက် ရေလမ်းနှင့် ကုန်စည်ပို့ဆောင်ရေးကို အမြန်ဆုံးအ ကောင်အထည်ဖော်ရန် Dry Port နဲ့ပတ်သက်ပြီးတော့

စတင်ဆောင်ရွက်ခဲ့ပါသည်ဟု သိရသည်။

လက်ရှိ ဆိပ်ကမ်းများသည် မြို့ အရှေ့ဘက်တွင်ရှိပြီး အမှန် တကယ်ထွန်းကားနေသည့် စက် မှုဇုန်များနှင့် ကုန်စည်ဒိုင်များ သည် မြို့အနောက်ဘက်တွင် တည်ရှိ၍ ကုန်တင်ယာဉ်များ

မြို့ တွင်းကို ဖြတ်သန်း၍ သွားရသည်။

ရန်ကုန်မြို့၌ မြို့ရှောင်လမ်းမရှိ သောကြောင့် ယာဉ်ကြောကျပ် တည်းမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းနှင့် ပဲခူးမြစ်ရှိပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ကြား၌ တိုးမြစ်ရှိပြီး ယင်းတို့သည် သယ်ယူပို့ဆောင်ရေးအတွက်

အဖိုးတန်နေရာတွင် ရှိနေသည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။

 ထိုရေလမ်းခရီးကို တွင် ကျယ်စွာ အသုံးချနိုင်ရေးသည် နိုင်ငံတော် အကြီးအကဲ ခေါင်း ဆောင်၏ လမ်းညွှန်မှုဖြစ်ကြောင်း လည်း သိရသည်။

ယခုတည်ဆောက်မည့်နေ ရာသည် ဧရာဝတီတိုင်းဘက်ရှိ လမ်းများနှင့် ဆက်စပ်မှုရှိပြီး နောက်ပိုင်းတွင် မြို့ရှောင်လမ်း တစ်ဆက်တည်းဖြစ်မည်ဖြစ်ကြောင်းသိရသည်။

Infrastructure and Zones Read 60 times