Inno City သည်ဘက်စုံသုံး (mixed-use) စီမံကိန်းတစ်ခုဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၌ တစ်ခု တည်းသော အကြီးဆုံး ကြမ်းခင်းဧရိယာစုစုပေါင်း ၄၉ ဧက ကျယ် အဆောက်အအုံကြီး ကို ဆောက်လုပ်ခဲ့သောတောင်ကိုရီးယားနိုင်ငံ Inno Group မှ လုပ်ဆောင် သွားမည် ဖြစ်ပါသည်။
ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု
Inno City စီမံကိန်းသည် ပါရမီလမ်းနှင့်ဝေဇယန္တာလမ်းထောင့် တောင်ဥက္ကလာပ ဂေါက်ကွင်းနှင့် မျက်စောင်းထိုး မြေ ၇.၆၂၉ ဧကတွင် တည်ရှိသော မြန်မာစီးပွား ဦးပိုင် မြေပေါ်တွင် နှစ် ၇ဝ BOT မြေအငှားစာချုပ်ဖြင့် တည်ဆောက်သွားမည် ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရ (ယခင်အစိုးရ လက်ထက်) အဖွဲ့၏ သဘောတူ ခွင့်ပြုချက် ရယူပြီးသော ထိုစီမံကိန်း ကို ၂၀၁၆ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ခွဲ က ပန္နက်ရိုက် အခမ်းအနား ကျင်းပခဲ့ပါသည်။
ထိုစီမံကိန်းကို ဒေါ်လာသန်း ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဟု Inno Group ကဆိုပြီး ဆောက်လုပ်ရေးလုပ် သားပေါင်း ၄,၅ဝဝ ကျော်အသုံးပြုကာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ တွင် အပြီးတည်ဆောက်သွားမည်ဟုဆိုသည်။
အဆောက်အဦး၊ ဒီဇိုင်းနှင့် နည်းစနစ်များ
အဆောက်အအုံဒီဇိုင်းများအတွက် တောင်ကိုရီးယားမှ Posco A&C, Heanh စသည့်ကို ကုမ္ပဏီများကရေးဆွဲထားပြီး ဆောက်လုပ်ရေးအတွက် တောင်ကိုရီးယားနိုင်ငံမှ Ilsung Construction အတွက် ကိုရီးယားဝမ် ၅၆ ဘီလီယံ (ဒေါ်လာ ၄၇.၃ သန်း) တန်ဖိုးရှိဆောက်လုပ်ရေးစာချုပ်ကို၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် က စာချုပ် ချုပ်ဆို ပေးအပ်ခဲ့ပါသည်
Inno City တွင် လူနေတိုက်ခန်း ၁၀၄ ခန်းပါ အထပ် ၂၉ ထပ် အဆောက်အအုံ ၂ လုံး၊ နှင့် လူနေအိမ် ၂၁၆ ခန်းပါ အထပ် ၃ဝ ရှိ အဆောက်အအုံ ၃ လုံး ( ထို လူနေ အဆောက်အအုံ ၅ လုံးတွင် အခန်းစုစုပေါင်း ၇၄၄ ခန်း ပါဝင် သည်) အဆင့်မြင့်ဘတ်စ်ကားဂိတ်တစ်ခု၊ ၅၀,၀၀၀ စတုရနးပေကျယ် Convention Centre တစ်ခု၊ ၂ ထပ်မြင့် ဈေးဝယ်စင်တာနှင့် ယာဉ်ရပ်နားစခန်း အပေါ်တွင် အခန်း ၁၅ဝ ပါရှိသော ၁၃ ထပ်အမြင့် ဟိုတယ် တစ်ခုပါရှိမည်ဖြစ်သည်။
Company | Country of Origin |
Role |
Myanmar Economic Corporation | Myanmar | Land owner |
Inno Group | South Korea | Developer |
Ilsung Construction | South Korea | Contractor |
Posco A&C | South Korea | Design |
Heanh | South Korea | Design |
Ace | South Korea | Design |
Lin Thit Oo | Thailand | Land survey |
စီမံကိန်းကြီး တစ်ခုလုံးတွင် စုစုပေါင်း လူဦးရေ ၅,၀၀၀ ခန့် နေထိုင်နိုင်မည်ဖြစ်သည်။ Inno City စီမံကိန်း အဆောက်အအုံ အမြင့်မှာ ၃၅၆ ပေ ၁၀ လက်မ ရှိပြီး ရွှေတိဂုံ စေတီ ပတ်ဝန်းကျင် ကန့်သတ်ဇုန် အပြင်ဘက်တွင် ရှိပါသည်။
ထို့ပြင် နေထိုင်သူများအတွက် ရေကူးကန်၊ အားကစားခန်းမ၊ ကလေး ကစားကွင်း နှင့် ပန်းခြံတို့ ပါဝင်မည်ဖြစ်သည်။
ထိုအဆောက်အဦကြီးတွင် နေထိုင်သူ မိသားစုများ၊ ဈေးဆိုင်ခန်းများ၊ ဟိုတယ်၊ အဆင့်မြင့် အဝေးပြေး ယာဉ် ရပ်နားစခန်းနှင့် ခန်းမ ဆောင်တို့သို့ လာရောက်သော ယာဉ် များအတွက် ယာဉ်အစီး ၁,၁၃၉ စီးရပ်နားနိုင်မည့် ကားပါကင်၊ စည်ပင်ရေပေး ဝေမှုစနစ်၊ စံချိန်စံညွှန်းနှင့် ကိုက်ညီသော Treatment ပြုလုပ်ထားသည့် အဝီစိတွင်း ရေသန့် စနစ်များ၊ စီမံကိန်း တစ်ခု လုံးအတွက် တစ်ရက်ခွဲစာ သုံးစွဲရန်လိုအပ်သော ရေဂါလန်ပေါင်း ၃၆၄,၆၇၂ အား ဖြန့်ဖြူး ပေးနိုင် မည် ဖြစ်သည်။
ထို့ပြင် မီးငြှိမ်းသတ်ရန် ရေဂါလန် ၆၉,၂၉၂ အား လှောင်ကန်ဖြင့် ထားရှိမည်ဖြစ်သည်။
၂၄ နာရီ လုံခြုံရေး ကင်မရာများတပ်ဆင်ထားပြီး ကားအဝင်အထွက်တွင် RF System စီစဉ်ထားရှိခြင်း၊ မီးဘေးလုံခြုံရေးစနစ်များနှင့် မီးစက်များ၊ ဂြိုဟ်တုနှင့်ချိတ်ဆက်ထားသော အင်တာနက်များအပြင် အခြားအဆင့်မြင့် လုံခြုံရေးစနစ်များ ပါဝင်မည်ဖြစ်သည်။
Pricing and Sales Model
အခန်းဈေးနှုန်းများမှာ တစ်စတုရန်းပေလျင် အမေရိကန်ဒေါ်လာ ၂၇၀ နှုန်းဖြစ်သည်။
အခန်းအမျိုးအစား ရှစ်မျိုးရှိမည်ဖြစ်ပြီး အမျိုးအစားအလိုက်နှုုန်းထားများ ကွာခြားသွားမည်ဖြစ်သည်။ အခန်း ခပေးချေနှုန်းမှာ စစချင်း ၁၀% ပေးချေရမည်ဖြစ်ပြီး သုံးနှစ်အတွင်း အကျေပေးချေရမည်ဖြစ်သည်။
၉၂၅ စတုရန်းပေကျယ်အခန်းများတွင် အိပ်ခန်း ၂ ခန်းပါရှိမည်ဖြစ်ပြီး၊ ၃,၀၀၀ စတုရန်းပေကျယ်အခန်းများတွင် အိပ်ခန်း ၅ ခန်းပါရှိမည်ဖြစ်သည်။