Innwa Housing


08 November, 2020


ယင်းအိမ်ရာကို Three Friends Construction မှ (၆၆)ရပ်ကွက်၊ဂျိုးဖြူလမ်းနှင့် မောင်းမကန်လမ်း၊ဧရာဝဏ်လမ်းမကြီး၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ကိုယ်ပိုင်မြေ ပေ ၈ဝx ပေ၆ဝပေါ်တွင် ဆောက်လုပ်ထားပြီး အဆောက်အအုံကို ကိုယ်ပိုင်ဒီဇိုင်းပညာရှင်၊ တည်ဆောက်မှု ဒီဇိုင်းပညာရှင်များဖြင့် ရေးဆွဲတည်ဆောက်ထားကြောင်းသိရသည်။

ထိုအိမ်ရာသည် လေးခန်းတွဲ ခြောက်ထပ် ပုံစံတူတိုက်ငါးလုံးတည်ဆောက်မည်ဖြစ်ပြီး တစ်လွှာတွင် လေးခန်းပါဝင်ကြောင်းသိရသည်။

တိုက်အမျိုးအစား A,B,C,D ရှိပြီး A နှင့် Bမှာ လမ်းမဘက်သို့မျက်နှာ မူနေသော တိုက်များဖြစ်ပြီး C နှင့် D မှာ အနောက်ခြမ်း များဖြစ်ကြောင်းသိရသည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၇၄ဝ ကျယ်ဝန်းသည်ဖြစ်ပြီး Room Type ဖြစ်ကြောင်းသိရသည်။

ငွေပေးချေမှုမှာ ၁၂လအရစ်ကျ စနစ်ဖြင့် ပထမလတွင် အခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အခန်းတန်ဖိုးမှာ Type A&B သည် သိန်း ၃ဝ၅ မှ သိန်း ၅၅၅ ထိ သတ်မှတ်ထားပြီး Type C & D သည် သိန်း၂၈၅ မှ ၅၃၅ ထိ သတ်မှတ်ထားကြောင်းသိရသည်။

Source:Three Friends

Public Housing Read 212 times