မန္တလေးမြို့ရှိ စက်မှုဇုန်(၁) နှင့် စက်မှုဇုန် (၂) တို့ကိုနိုင်ငံတကာမှ စိုက်ပျိုးရေးကုမ္ပဏီများကို ဖိတ်ခေါ်ကာ စိုက်ပျိုးရေးသုံးပစ္စည်းများ တိုက်ရိုက်ထုတ်လုပ်ရင်းနှီးမြုပ်နှံမည့် နိုင်ငံတကာအဆင့်မီစက်မှုဇုန်အဖြစ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်းသိရသည်။
မန္တလေးစက်မှုဇုန်တွင် အကြီးစားစက်မှုလုပ်ငန်း ၃၀၀၀ ထောင်ကျော်၊ အလတ်စားစက်မှုလုပ်ငန်း ၃၀၀ ကျော်၊ နှင့်အသေးစားစက်မှုလုပ်ငန်း ၅၀၀ ကျော်အပါအဝင် လုပ်ငန်းအမျိုးအစား ၁၃ ခုဖြင့်လည်ပတ်နေသည်ဟု သိရသည်။
စက်မှုဇုန်များကို မြှင့်တင်ရန် အဓိကနည်းပညာနှင့် ထုတ်လုပ်သောစက်ပစ္စည်းများအတွက်စံချိန်စံညွှန်း နဲ့ အရည်အသွေးရှိရန် လိုအပ်သည်။
စက်မှုဇုန်အလိုက် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများထုတ်လုပ်သည့်အခါတွင် ပြည်ပနိုင်ငံများက ရင်းနှီးမြုပ်နှံမှုများရလာမှ တောင်သူများအတွက် စရိတ်သက်သာစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။
စက်မှုဇုန်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းထုတ်စက်ရုံများ နည်းပါးသည့်အတွက် စက်ပစ္စည်းများပိုမိုထုတ်လုပ်နိုင်လျှင် လယ်သမားများအတွက် ပိုမို အသုံးဝင်မည်ဟု သိရသည်။
လယ်ယာကဏ္ဍတစ်ခုလုံးကို ရင်းနှီးမြုပ်နှံရာတွင် နိုင်ငံခြားသားကုမ္ပဏီများကို ၄၉ ရာခိုင်နှုန်းပေးထားပြီး ပြည်တွင်းက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံရန် ကန့်သတ်ထားကြောင်းသိရသည်။