နေပြည်တော်တွင်ဇွန်လ ၆ ရက်ကကျင်းပသည့် Myanmar Investment Forum တွင် အထူးစီးပွားရေးဇုန်စီမံကိန်းသစ်ငါးခုကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံက စတင်မိတ်ဆက်ခဲ့သည်။
မြန်မာနိုင်ငံ၏အထူးစီးပွား ရေးဇုန်များနှင့်စက်မှုဇုန်များတွင်လာရောက်ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများနှင့် ပတ်သက်၍အဆိုပါဖိုရမ်ကိုနေပြည်တော် MICC II တွင်ကျင်းပနေခြင်းဖြစ်သည်။
အဆိုပါဖိုရမ်တွင်လက်ရှိအကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်သုံးခုအပြင်အထူးစီးပွားရေးဇုန် ငါးခုကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအားစတင်မိတ်ဆက်ခြင်းဖြစ်သည်။
လက်ရှိအစိုးရကအကောင်အထည်ဖော်နေသည့်သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များအပြင်ထပ်မံတင်ပြလာသည့် အထူးစီးပွားရေးဇုန်ငါးခုသည် မွန်ပြည်နယ်ဆိပ်ကမ်းသစ်နှင့်အထူးစီးပွားရေးဇုန်၊ မန္တလေးစက်မှုအထူး စီး ပွားရေးဇုန်၊ မြဝတီစက်မှုအထူးစီးပွားရေးဇုန်၊ ပဲခူးစက်မှုအထူးစီးပွားရေးဇုန်နှင့် ဧရာဝတီရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ ဖြစ်သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောထားသည့် ဒလအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ယခုဖိုရမ်တွင် တင်ပြလာခြင်းမရှိသေးပေ။
အဆိုပါအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်အစီအစဉ်ဖြင့်သာအကောင် အထည်ဖော်သည့်အဆင့်သာရှိပြီးကော်မရှင်သို့တင်ပြလာသည့်အဆင့်မရောက်သေးကြောင်းပြောသည်။
မြန်မာနိုင်ငံတွင်လက်ရှိအကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်တစ်ခုတည်းသာလုပ်ငန်းများစတင်လည်ပတ်နေပြီးထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့သည်လုပ်ငန်းစတင်ရန်ဆွေးနွေးဆဲအဆင့်သာရှိနေသေးသည်။
imyanmarhouse