လှိုင်သာယာတွင် ကျူးကျော် စမတ်ကတ် ထုတ်ပေးမှုစတင်


28 October, 2020

ရန်ကုန်တိုင်း ဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်းအရ လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်စာရင်းများကို ကောက်ခံ၍ စမတ်ကတ်များ ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

 

ဧပြီ၂၅ရက်မှစ၍ လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသနစီမံကိန်း၊ ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူခြင်း လုပ်ငန်းခေါင်းစဉ်ဖြင့် စတင်ကောက်ခံနေခြင်းဖြစ် ကြောင်း လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

 

စမတ်ကတ်ကို မသက်ဆိုင်သူများထံ အပ်နှံခြင်း၊လွှဲပြောင်းခြင်း လုံးဝမပြုလုပ်ရ၊ ကတ်ပြားပျက်စီး/ပျောက်ဆုံးမှုများ ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဒဏ်ကြေးငွေကျပ်၂၀ဝဝပေးသွင်း၍ပြန်လည်လျှောက်ထား ယူရမည်ဖြစ်ကြောင်းသိရသည်။

 

ကျူးကျော်နေထိုင်မှုကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးပြီးချိန်တွင် ယင်းကတ်ပြားကိုသက်ဆိုင်ရာသို့ပြန်လည် အပ်နှံရမည်ဖြစ်ပြီး မမှန်မကန်ရေးသွင်း၍ လျှောက်ထားရယူခြင်းကို စစ်ဆေးတွေ့ရှိပါက အရေးယူခြင်းခံရမည် ဖြစ်ကြောင်းသိရသည်။


လှိုင်သာယာမြို့နယ်သည် ရန်ကုန်တိုင်းအတွင်းေ ရွှ့ပြောင်းနေထိုင်မှုအများဆုံးရှိပြီး ကျူးကျော်နေထိုင်သူ အများဆုံးရှိသည့်မြို့နယ်ဟု ပြောဆိုနိုင်ပြီး လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစာရင်းများအရပင် ကျူးကျော်နေ ထိုင်သူ ၂၇၀ဝ၀ ကျော်ရှိကြောင်းသိရသည်။

Source:imyanmarhouse

Local Public Housing Read 108 times