ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းတည်ဆောက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီး (PPP)စီမံကိန်းအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ရှာဖွေနေကြောင်း
ရန်ကုန်မိုးပျံအမြန်လမ်းမကြီး(PPP)စီမံကိန်းစိတ်ဝင်စားမှု ဖော်ပြခြင်း လျှောက်လွှာ (EOI)ခေါ်ယူမှုအရ သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းမကြီး (PPP)စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ညှိနှိုင်းပြီး ကီလိုမီတာ ပေါင်း ၄၇ ဒသမ ၅ ရှိသည့် မိုးပျံလေးလမ်းသွားလမ်းမကြီး အဖြစ်
Public Private Partnership ဖော်ဆောင်သွားမည်ဖြစ်သည်။အဆိုပါ ရန်ကုန်မိုးပျံအမြန်လမ်းမ ကြီးသည် ရန်ကုန်မြို့တွင်း ရန်ကုန်ဆိပ်ကမ်း၊ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊မင်္ဂလာဒုံစက်မှုဇုန်နှင့်
ရန်ကုန်-မန္တလေး အမြန်လမ်းတို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။
ရန်ကုန်မိုးပျံအမြန်လမ်းမကြီး (PPP)စီမံကိန်း ဒီဇိုင်းရေးဆွဲခြင်း၊Engineering ပိုင်းဆိုင်ရာကဏ္ဍ၊စီမံကိန်း တည်ဆောက်ခြင်း၊စီမံကိန်းလည်ပတ်ခြင်း နှင့်ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာကဏ္ဍများအတွက် စီမံံကိန်းကို PPP Concession Agreement အရ
စိတ်ဝင်စားသော ပြည်တွင်း ပြည်ပ မှ ရင်းနှီးမြှုပ်နှံလိုသူများို ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ရှာဖွေနေခြင်းဖြစ်ပြီး PPP ရင်းနှီးမြှုပ်နှံသူရွေးချယ်ပွဲကို International Competive Tender မှ တစ်ဆင့် ယခု နှစ်ကုန်ပိုင်းတွင် စတင်မည်ဖြစ်သည်။
မိုးပျံအမြန်လမ်းမကြီးစီမံကိန်းကို အပိုင်းလိုက်ခွဲပြီး PPP တင်ဒါများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ World Bank အဖွဲ့ဝင် IFC အကူအညီဖြင့် ရွေးချယ်မှုပြုမည်ဖြစ်သည်။
EOI လျှောက်ထားလိုသူများအနေဖြင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုကြောင်းတိကျသေချာစွာဖော်ပြထားသည့် ပေးပို့အကြောင်းကြားစာ၊ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသူ၏ ကိုယ်ရေးအကျဉ်း၊ကုမ္ပဏီဆောင်ရွက်မှုများအကျဉ်းချုံးဖော်ပြချက်၊
စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူ၏ Bank Statement များနှင့် ဘဏ္ဍာရေးရှင်း တမ်းများ၊ISO ကဲ့သို့သက်ဆိုင်သော ထောက်ခံချက်များပါရှိသည့် စာရင်း၊ရင်းနှီးမြှုပ်နှံလိုသူလုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ယခုစီမံကိန်းနှင့်တူညီသော စီမံကိန်းများ
ပါရှိသည့် အချက်အလက်များစာရင်း(အများဆုံး ငါးခု)ဖော်ပြရန်လိုမည်ဖြစ်သည်။
ယင်းစိတ်ဝင်စားမှုအဆိုပြုလွှာကို သတ်မှတ်အချက်အလက်များနှင့် အတူဇွန် ၂၉ ရက်ညနေ ၅နာရီ မတိုင်မီ ပေးပို့မည်ဖြစ်ပြီး အဆိုပါ EOI သည် စီမံကိန်းအတွက် စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နံှလိုသူများအတွက်နောက်ဆက်တွဲရွေးချယ်မှုမတိုင်မီ
အဆင့်နှင့် တင်ဒါတင်သွင်းခြင်းတွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်းကိုသာ ညွှန်းဆိုပြီး ရင်းနှီး မြှုပ်နှံရန်၊ပါဝင်ဆောင်ရွက်ရန်နှင့်ကြိုတင် ရွေးချယ်ခံရရန်အတွက် တောင်းဆိုမှုကို ညွှန်းဆိုခြင်း မဟုတ်ကြောင်း ဖော်ပြထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားစိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများကို နောက်ဆက်တွဲရွေးချယ်မှုမတိုင်မီ အဆင့်တွင် စီမံကိန်းတွင် ပါဝင်ပတ်သက်ရန် ထပ်မံခေါ်ယူခြင်းနှင့် မည်သည့်စိတ်ဝင်စားသည့်
ရင်းနှီးမြှုပ်နံှမှုများကို မဆို ရှေ့ဆက် လုပ်ကိုင်ခွင့်ကို တားဆီခွင့်ရှိကြောင်းနှင့် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများ၏ EOI လျှောက်လွှာကို ဆန်းစစ်သည့်အချက်များထုတ်ပြန်သွားမည်ဖြစ်သည်။