ဘဏ်ချေးငွေဖြင့် လူနေတိုက်ခန်းများ ဝယ်ယူနိုင်မည့် အစီအစဉ်ဖြစ်လာဖွယ်ရှိ


27 October, 2020

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှပြင်ပတွင်ရောင်းချနေသောလူနေတိုက်ခန်းများကိုဝယ်ယူနိုင်ရန် ဘဏ်မှချေးငွေယူနိုင်မည့် အသေးစိတ်အစီအစဉ်စတင်မည်ဟုသိရသည်။

 မိမိဝင်ငွေနှင့်မျှတသည့်မိမိဝယ်မည့်အိမ်ကိုရည်ရွယ်ထားပြီးငွေချေးလို့ရမည့်အစီအစဉ်များကိုဘဏ်မှအများပြည်သူသိအောင်ချပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဓိကအားဖြင့်ဘဏ်ချေး၊ငွေ၊အတိုးနှုန်းနှင့်လစဉ်ချေးငွေပေးဆပ်ရမည့်ပမာဏတို့ကိုဘဏ်ကတွက်ချက်ပေး မည့် အစီအစဉ်အားမကြာမီအသိပေးမည်ဖြစ်ကြောင်းသိရသည်။
ချေးငွေပမာဏပေါ်မူတည်ပြီးအတိုးနှုန်းကိုဘဏ်ကိုလာပြီးအသေးစိတ်ဆွေးနွေးစုံစမ်းလို့ရမည့်အခြေအနေများကို ဖန်တီးပေးရန်အစီအစဉ်ရှိကြောင်းသိရသည်။


ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည်လက်ရှိတွင်ဝန်ကြီးဌာနမှတည်ဆောက်နေသည့်အိမ်ရာစီမံကိန်းများကို နှစ်ရှည်အစီအစဉ်ဖြင့်ချေးငွေထုတ်ချေးလျက်ရှိသည်။
မကြာမီကာလအတွင်းပြင်ပတွင်ပုဂ္ဂလိကမှရောင်းချနေသည့်လူနေတိုက်ခန်းအိမ်လုံးချင်းအားလုံးကိုဘဏ်ချေး ငွေဖြင့်ဝယ်ယူရန်ကူညီပေးမည့်အစီအစဉ်လည်းဖော်ဆောင်မည်ဖြစ်သည်။


ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည်လက်ရှိတွင်ကျပ်၁၃၀ဘီလီယံကျော်ထုတ်ချေးထားကြောင်း သိရသည်။
Source:imyanmarhouse

Local Public Housing Read 60 times