နိုင်ငံ၏နယ်စပ်ဒေသတစ်လျှောက်အထူးစီးပွားရေးဇုန်များတည်ဆောက်နိုင်ရေးအစိုးရသို့အကြံပြုတင်ပြထား သည်ဟုရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌကပြောသည်။
လက်ရှိတွင်အလုပ်အကိုင်ရှားပါးသည့်အတွက်မြန်မာနိုင်ငံနယ်စပ်ဒေသများမှတစ်ဆင့်အိမ်နီးချင်းနိုင်ငံများသို့ မြန်မာအလုပ်သမားများသွားရောက်လုပ်ကိုင်နေကြပြီးနယ်စပ်ဒေသတွင်စီးပွားရေးဇုန်ကြီးများတည်ဆောက် မည်ဆိုပါကအလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်သည်ဟုပြောကြားသည်။
နယ်စပ်ဒေသများတွင်အထူးစီးပွားရေးဇုန်များမရှိသဖြင့်ပြည်တွင်းသို့ကျော်လွန်ဝင်ရောက်လာသော တရားမဝင်ကုန်ပစ္စည်းများနှင့်လူပုဂ္ဂိုလ်များလည်းရှိနေသည်ဟု၎င်းကဆိုသည်။
ထို့အပြင် တရုတ်နယ်စပ်မူဆယ်ဒေသ၊ ထိုင်းနယ်စပ်နေရာအများစုနှင့်အိန္ဒိယနယ်စပ်တမူးတွင် SEZ (အထူးစီးပွားရေးဇုန်)များရှိစေချင်ကြောင်းဆက်လက်ပြောကြားသည်။
စက်မှုဇုန်များဖြစ်ပေါ်ရေးသည် ပြဿနာများရှိနေပြီးယင်းပြဿနာများကြောက်၍မလုပ်ပါက ပြည်သူများအတွက်အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးမည်ဟု၎င်းကထည့်သွင်းပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ SME ကိစ္စများအပြင်ကုန်သွယ်မှုနှင့်ပတ်သက်သောကိစ္စရပ်၊ ငွေကြေးနှင့် ပတ်သက်သောကိစ္စရပ်၊ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာကိစ္စရပ်များကိုထိန်းညှိမှသာစီးပွားရေးမြင့်တက်လာမည်ဟုထည့် သွင်းအကြံပေးထားကြောင်း၎င်းကဆိုသည်။
imyanmarhouse