အီတလီနိုင်ငံက ပထမဆုံးအနေဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ စတင်ရင်းနှီးမြှုုပ်နှံမှုလုပ်လာကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က သိရသည်။
အီတလီနိုင်ငံက ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀၀ သန်း နှင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံလာကြောင်းသိရသည်။
၁၉၈၈ ခုနှစ်မှ လက်ရှိ ၂၀၁၉ ခုနှစ် အထိ နှစ်ပေါင်း ၃၀ အတွင်း အီတလီနိုင်ငံအနေနှင့် ရင်းနှီးမြှုုပ်နံှမှုမရှိခဲ့ဘဲ ယခုမှ ပထမဆုံးအကြိမ် ရင်းနှီးမြှုုပ်နှံမှု ဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ နိုင်ငံခြားသားရင်းနှီးမြှုုပ်နှံမှုတွင် နိုင်ငံပေါင်း ၅၀ မြောက် အနေနှင့် အီတလီနိုင်ငံက ရင်းနှီးမြှုပ်နှံမှုလုပ်လာခြင်းဖြစ်သည်။
ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၅၀ မှ ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်း ၂၃၅ ခု၊ ရင်းနှီးမြှုုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၂၉၁ ဒသမ ၄၄၂ သန်း ခွင့်ပြုထားပြီး ထပ်တိုးရင်းနှီးမြှုုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၃၆၀၈ ဒသမ ၇၈၆ သန်းဖြစ်ကြောင်း ဖော်ပြထားသည်။
၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၃၀ အတွင်း ဝင်ရောက်လာသောကဏ္ဍများမှာ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊စက်မှုကဏ္ဍ၊ လက်ခစား စနစ် (CMP) လုပ်ငန်းများ၊ အိမ်ခြံမြေကဏ္ဍ၊သယ်ယူပို့ဆောင်ရေးကဏ္ဍ၊စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများ ဖြစ်ကြပြီး စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာဘီလီယံ ၂၀ ကျော်နှင့်အများဆုံးဝင်ရောက်ထားပြီး စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ဝင်ရောက်ထားကြောင်း DICA က သိ ရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုှုပ်နှံမှုစီမံကိန်းသစ်ကို ၅ နှစ် တစ်ကြိမ် ပုံမှန်ဆန်းစစ်လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။