ရွှေပြည်နန်းသနပ်ခါးကုမ္ပဏီနှင့် ရန်ကင်းစင်တာပိုင်ရှင်တို့ ပူးပေါင်းတည်ဆောက်နေသည့် ၉မိုင် မှ IVY Condominium ဖြစ်ပါသည်။ တည်နေရာမှာ အမှတ် ၁၂၀၊ ပြည်လမ်း၊ ၉မိုင် ၊ မရမ်းကုန်းမြို့ရှိ မြေဧက ဝ.၂၃ ဧက ပေါ်တွင် တည်ရှိပါသည်။ မြေကြီးကို ရွှေပြည်နန်းမှ ပိုင်ပြီး ရန်ကင်းစင်တာပိုင်ရှင် Aspidin Construction & Trading က တည်ဆောက်သူအနေဖြင့် အကျိုးတူပူးပေါင်းသည်ဟု သိရသည်။
အဆောက်အဦးမှာ ၂၂ ထပ်မြင့် လူနေကွန်ဒိုအမျိုးအစားဖြစ်ပြီး အခန်းအရေအတွက် ၉၄ ခန်းပါရှိသည်ဟု သိရသည်။ ထိုအနက် ၄ခန်းမှာ penthouse အမျိုးအစားဖြစ်သည်။
Building design
တိုက်ခန်းအကျယ်အဝန်းမှာ ၁,၄၅၀ စတုရန်းပေမှ ၂,၀၆၅ စတုရန်းပေထိကျယ်ဝန်းပြီး အားလုံးမှာ အိပ်ခန်း ၃ ခန်းစီ ပါဝင်ပါသည်။ မြေညီထပ်တွင် Lobby ရှိပြီး ပထမထပ်မှ လေးထပ်ထိ ကားပါကင်ဖြစ်ပါသည်။ ပဉ္စမထပ်သည် ရေကူးကန်၊ အားကစားခန်းမ၊ sauna ၊ စာကြည့်တိုက်၊ meeting ခန်း၊ yoga ခန်း စသည်တို့ပါဝင်သည့် facilities floor ဖြစ်ပါသည်။
ခြောက်လွှာမှ အပေါ်ဆုံးထပ်ထိ လူနေတိုက်ခန်းများဖြစ်ပါသည်။
အဆောက်အဦး၏ဒီဇိုင်းကို မြန်မာအင်ဂျင်နီယာများဖြင့် ရေးဆွဲထားပြီး UCG Design and Development Consultant က ဗိသုကာပညာရှင်၊ Unity and Strength Structural Design Group က ဖွဲ့စည်းပုံအင်ဂျင်နီယာ၊ Waterworks Engineering Group (WEG) Services က ရေပိုက်နှင့်ရေဆိုး သန့်စင်ရေးပညာရှင်၊ T&T Engineers က လျှပ်စစ်နှင့်ရွေ့လျားမှုအင်ဂျင်နီယာ စသည်ဖြင့် ပါဝင်ကြပါသည်။
Concrete ကို High Tech Concrete မှ ဝယ်ယူလျက်ရှိပြီး ဆောက်လုပ်ရေးတွင် အသုံးပြုသည့် သံချောင်းများအတွက် tensile test ကို WEG ၏ လုပ်ငန်းခွဲဖြစ်သည့် ISO Tech Laboratory မှ ပြုလုပ်ပေးခဲ့ပါသည်။
Company | Country of Origin |
Role |
Shwe Pyi Nan | Myanmar | Land Owner |
Aspidan Construction & Trading | Myanmar | Developer |
UCG Design and Development | Myanmar | Architect, interior design |
T&T Engineers | Myanmar | Mechanical and electrical |
WEG | Myanmar | Plumbing and sanitary |
Unity and Strength | Myanmar | Structural engineer |
OK Consulting Engineers | Myanmar | Fire protection |
GEO Soil Engineering & Testing | Myanmar | Geotechnical engineer |
Geo-Friends Engineering | Myanmar | Geotechnical engineer |
Golden Tri-Star | Myanmar | Geotechnical engineer |
Myanmar D&C Engineering | Myanmar | Geotechnical engineer |
ISO Tech Laboratory | Myanmar | Tensile test |
High Tech Concrete | Myanmar | Concrete supply |
ဆောက်လုပ်ရေးကို Aspidin မှပင် တာဝန်ယူဆောက်လုပ်လျက်ရှိပြီး ၂၀၁၄ ခုနှစ် မှ မြေကြီးလုပ်ငန်းများ စတင်လုပ်ဆောင်ကာ လက်ရှိ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင်ပိုင် လုပ်ငန်းများ ပြီးစီးလျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဟု ဆိုသည်။
အပြီးသတ်ဆောက်လုပ်ရေးခွင့်ပြုချက်ကို စည်ပင်သာယာအထပ်မြင့်ကော်မတီမှ ၂၀၁၆ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် ရရှိခဲ့ပါသည်။
Pricing and Sales Model
လူနေတိုက်ခန်းများ၏ ဈေးနှုန်းမှာ တစ် စတုရန်းပေကို ဒေါ်လာ ၂၉၀ အနိမ့်ဆုံးထား၍ ရောင်းချလျက်ရှိပြီး အထပ်ပိုမြင့်လေ ဈေးနှုန်းပိုများလေဖြစ်ကြောင်း သိရသည်။
ငွေပေးချေမှုကို အရစ်ကျ ၃၆ လ ပေးချေနိုင်ပါသည်။
ဈေးနှုန်း၊ supplier ၊ lab test များ စသည့် အသေးစိတ်ကို သိရှိလိုပါက website link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။