ဂျပန်နိုင်ငံမှ နည်းပညာအကူအညီပေးမည်


07 December, 2020

ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစိတ် အပိုင်းစီမံကိန်းများအတွက် ဂျပန်နိုင်ငံမှ နည်းပညာအကူအညီပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

        ဂျပန်နိုင်ငံအနေဖြင့် ရန်ကုန်မြို့၏ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုအစိတ်အပိုင်းများဖြစ်သော စွန့်ပစ်ရေဆိုးလုပ်ငန်းများ၊ ရေပေးဝေရေး လုပ်ငန်းများ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်း များတွင် နည်းပညာအကူအညီများပေး မည်ဖြစ်သည်။ ယင်းစီမံကိန်းများအတွက် ဖူကူအိုကာမှ နည်းပညာပံ့ပိုး၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ရာ ယင်းအတွက် ဂျပန်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ထားပြီး နိုင်ငံတကာ၌ဆောင်ရွက်နေသည့် အမှိုက်စုပုံခြင်းနှင့် သန့်စင်ခြင်းနည်းလမ်းများစွာအနက် ရန်ကုန်မြို့နှင့် သင့်လျော်သောနည်းလမ်းများဖြင့် ပြုပြင်ဆောင်ရွက် ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

"ဖူကူအိုကာမြို့တော်မှာ အသုံးပြုနေတဲ့ Landfill ရှေ့ပြေးစီမံကိန်းကို Pilot Project အနေနဲ့ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက Sanitary Landfill Technology ကို လက်ခံရရှိ မှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေထူ ထပ်သလို စွန့်ပစ်အမှိုက်ထွက်ရှိမှုကလည်း မြင့်တက်လာပါတယ်။ ဒီစွန့်ပစ်အမှိုက်တွေကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်း အောင် လိုအပ်တဲ့နည်းပညာတွေနဲ့ ပြင်ဆင် မှုလုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်”

ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

        ယင်းစွန့်ပစ်အမှိုက်ကြောင့် ပတ်ဝန်းကျင် ၌ ဆိုးကျိုးသက်ရောက်မှုလျော့နည်းစေရန် လှိုင်သာယာမြို့နယ်ရှိ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံထိန်ပင်တွင် Sanitary Landfill Fukuoka Method အသုံးပြုပြီး Landfill တစ်ဟက်တာကို Pilot Project အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

        လက်ရှိတွင်လည်း စွန့်ပစ်အမှိုက်များ သိမ်းဆည်းရာတွင် ပိုမိုလွယ်ကူလျင်မြန်စေ ရန် လိုအပ်သည့်စက်ယန္တရားများအပြင် နေ့စား၊ လစားဝန်ထမ်းများ တိုးချဲ့ခန့်အပ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source:Myawaddy

Local Read 45 times