JFE Meranti Myanmar မှ ALZU စတီးထုတ်ကုန်များကို တစ်နှစ်လျှင်တန်ချိန်တစ်သိန်းထုတ်လုပ်မည်


26 September, 2019

အလွှာအုပ် စတီးအမိုးပြားအပါအဝင် စတီးပစ္စည်းများထုတ်လုပ်ရန် သီလဝါ စက်မှုဇုန်တွင်စက်ရုံထူထောင် ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ပြုသည့် စပ်တူလုပ်ငန်း JFE Meranti Myanmar Co., Ltd (JMM) ကို ဒေါ်လာ ၈၅ သန်းဖြင့် မ,တည်လုပ်ကိုင်ရန် JFE Steel, Meranti Steel, JFE Shoji, Marubeni-Itochu Steel နှင့် HANWA တို့ ၂၀၁၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။  

 ထိုအဖြစ်သို့ ရောက်ရှိရန် အစပျိုးခဲ့သည်မှာ ၂၀၁၅ ခုနှစ်တွင် JFE MERANTI ၏ CEO ဖြစ်သူ SEBASTIAN LANGENDORF သည် ရန်ကုန်မြို့သို့ လာရောက်လေ့လာရာခဲ့ပြီး ရာသီဥတု တိုက်စားခြင်း ခံထားရသည့် အမိုးအကာများကို သတိထားမိရာမှ အရည်အသွေးမီ အမိုးအကာ စတီးထည်များ ထုတ်လုပ်ရန် ရည်ရွယ်ချက် ထားရှိခဲ့သည်။

JFE MERANTI Myanmar Co., Ltd. (JMM) သည် စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်ပြီး ကမ္ဘာတစ်ဝန်း ရုံးခွဲမြောက်များစွာရှိသည့် ကမ္ဘာ့ထိပ်တန်း ဘက်ပေါင်းစုံစတီးထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သော ဂျပန်အခြေစိုက် JFE Steel မှ ရှယ်ယာအများစု ပိုင်ဆိုင်ထားသည်။

MM ၏ ပထမဦးဆုံး မြန်မာရုံးခွဲကို ဇန်နဝါရီလ ၂၀၁၈ ခုနှစ်တွင်
4th Floor, 8 Mile Business Center
Near 8 Mile Junction
95-A Kyaik Wine Pagoda Road
Mayangon Township, Yangon 
တွင်ဖွင့်လှစ်ခဲ့သည်။
Phone -09777 107 999 

သတ္တုလွှာအုပ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်း စတီးလုပ်ငန်းလုပ်ကိုင်မည့် စက်ရုံကိုသီလဝါစက်မှုဇုန်တွင် ထားရှိသည်။

 

စက်ရုံတည်နေရာမှာ
JFE Meranti Myanmar Co., Ltd
Lot BC1, Industrial Area Zone B
Thilawa SEZ ဖြစ်ပါသည်။

JFE Meranti Myanmar Co., Ltd ထုတ်ကုန်တစ်ခုဖြစ်သော အဲဇူး ALZU ဟု အမည်ပေးထားသော စတီးထုတ်ကုန်သည် စတီး ၅၅% ၊ အလူမီနီယံ-ဇင့် သတ္တုစပ် ကုတ်တင်အုပ်ထားပြီး အပေါ်မှာ ဆေးအရောင်အုပ်ပေးထားသည့် သတ္တုအလွှာအုပ် စတီးထုတ်ကုန် ဖြစ်သည်။

အမိုးမိုးခြင်းနှင့် နံရံကာခြင်းတို့အတွက် သုံးစွဲရန် အထူးသင့်လျော်သည်။

ALZU စတီးထုတ်ကုန်တွင် ALZU 7 ကို အရောင် ၇ မျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ရာ၌ အရောင် ၆ ရောင်ဖြင့် စတင်မည်ဖြစ်သည်။

ALZU  10 ကို အရောင် ၁၀ မျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး အရောင် ၆ ရောင်ဖြင့် စတင်မည်ဖြစ်သည်။

 

သံချေးတက်ခြင်း ကာကွယ်ရေးနှင့် အမြင့်တင့်တယ်စေရန်တို့အတွက် အကောင်းဆုံးအခြေအနေ ရရှိစေရန် ယခုလို အလူမီနီယမ်နှင့် ဇင့်သတ္တုစပ် အလွာအုပ်စနစ်ကို သုံးစွဲထားခြင်းဖြစ်ပြီး အောက်ခံစတီးကို ဇင့်သည် ပထမအဆင့် အကာအကွယ်ပေးပြီး အလူမီနီယမ်က ဒုတိယအဆင့်အဖြစ် ကာကွယ်ပေးထားသည်။ သုံးစွဲထားသည့် နည်းပညာမှာ ဥရောပနည်းပညာနှင့် ဂျပန်နည်းပညာတို့ကို ပေါင်းစည်းထားသည်။

“အများက သိထားကြတာ သံပြားဟာ သံပြားပဲ။ သွပ်ပြားဟာ သွပ်ပြားပဲ။ အတူတူပဲလို့ ထင်ကြတယ်။ တကယ်တော့ အရည်အသွေး မြင့်တာကို သုံးစွဲရင် သက်တမ်းက ပိုကြာကြာခံတယ်။ နှစ်နှစ် သုံးနှစ်မှာ အရောင်မည်းကုန်တာမျိုး မဖြစ်ဘူး” ဟု ကုမ္ပဏီမှ VP တစ်ဦး ဖြစ်သူ Alan Ong က ပြောသည်။ “ပိုက်ဆံနည်းနည်း သက်သာတာကို ဝယ်သုံးပြီး လေးငါးနှစ်ထက် ပိုမခံတာကို သုံးမလား။ ပိုက်ဆံနည်းနည်းလေး ပိုသုံးပြီး ၇ နှစ် ၁၀ နှစ် ခံတာကို သုံးမလားဆိုတာ ရွေးချယ်ရမယ်” ဟု လည်းကောင်းက ပြောကြားသည်။
စက်ရုံစတင်လည်ပတ်သည့်အခါ ဝန်ထမ်း ၃၀၀ ဦး ဝန်းကျင် အလုပ်အကိုင် ပေးထားနိုင်မည်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့လုပ်ကိုင်သည်အခါ ၅၀၀ ဦးဝန်းကျင်အထိ ခန့်ထားမည် ဖြစ်သည်။
စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်သည့်အခါ ၂၄ နာရီ ပတ်လည်ထုတ်လုပ်မည်ဖြစ်ရာ အဆိုင်းများခွဲ၍ လုပ်ကိုင်မည် ဖြစ်သည်။

ကုန်ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန်တစ်သိန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။

ဆေးအလွှာအုပ်စတီးထုတ်ကုန်ပစ္စည်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်ထုတ်လုပ်မည်ဖြစ်ပြီး သတ္တုအလွှာအုပ် စတီးထုတ်ကုန်ပစ္စည်းအား ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ပိုင်းတွင် စတင်ထုတ်လုပ်သွားမည်ဖြစ်သည်။

ALZU® ထုတ်ကုန်များကို ပြည်တွင်း ပြည်ပ ဈေးကွက်နှစ်မျိုးလုံးအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစ၍ ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။

Local Read 43 times