JMHU နှင့် MCEA တို့သဘောတူလက်မှတ်ရေးထိုးခဲ့သော Pilot Project


17 November, 2020

JMHU နှင့် MCEA တို့သဘောတူလက်မှတ်ရေးထိုးခဲ့သော Pilot Project

ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေးနည်းပညာများကို ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများသို့ ပေးအပ်နိုင်ရေးအတွက် Pilot Project တစ်ခုကို ဆောင်ရွက်မည်ဖြစ်ရာ

ဂျပန်နိုင်ငံ JMHU နှင့် မြန်မာနိုင်ငံဆောက်လုပ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MCEA)တို့မှ အဆိုပါပရောဂျက်အတွင် သဘောတူလက်မှတ်ရေးထိုးခြင်း ကို ရန်ကုန်မြို့၊ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းသဘောတူစာချုပ်အရ Pilot Project ကို လာမည့်နှစ်ဇန်နဝါရီတွင် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊နွယ်ခွေတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တန်ဖိုးသင့်အိမ်ရာအများအပြားဆောက်လုပ်မည် ကို ဂျပန်အစိုးရမှ သိသည့်အတွက်ကြောင့် မြန်မာနိုင်ငံအစိုးရနှင့် အတူပါဝင်လုပ်ဆောင်ချင်သည့်အတွက် JMHU အား တာဝန်ပေးသည်ဟု သိရသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ Pilot Project Modern House များဆောက်ချင်ကြောင်း ကို ကမ်းလှမ်းခဲ့သည့်အတွက် ယခုလို

လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(MCEA)မှ ဒုတိယဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်း သိရသည်။

ထို Pilot Project တွင် အိမ်ခန်းအမျိုးအစားနှစ်မျိုးကိုဆောက်လုပ်ပြသသွားမည်ဖြစ်ပြီး တည်ဆောက်ရေးတွင် အသုံးပြုသော နည်းပညာနှင့် ပစ္စည်းများကို ပါပြခန်းအဖြစ်ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။

Pilot Project အတွက် မြေနေရာကို MCEA မှ တာဝန်ယူ၍ ဆောက်လုပ်ရေးကုန်ကျစရိတ်များကို ဂျပန်ဘက်မှ ကျခံပေးမည်ဖြစ်ကာ တည်ဆောက်ပြီး သုံးနှစ်အကြာတွင် ယင်းအိမ်ရာနှင့် ပြခန်းအားလုံးကို ဂျပန်ဘက်မှ MCEA သို့အပြီးသတ်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Public Housing Bank Loan Read 315 times