ကျုးကျော်များအတွက်လှိုင်သာယာတွင် ရပ်ကွက်သစ်တူးဖော်ရန်မြေနေရာရှာ


27 October, 2020

ရန်ကုန်တိုင်းအတွင်းရှိ ကျုးကျော်များအတွက် အိမ်ရာအခန်းပေါင်း ၈၀၀၀ ကျေ်ာဆောက်လုပ်ရန်လျာထားပြီး လှိုင်သာယာမြို့နယ်တွင်လည်း ရပ်ကွက်သစ်တစ်ခုဖော်ထုတ်ရန်မြေနေရာရှာထားကြောင်းသိရသည်။

ကျုးကျော်များအတွက် ဆောက်လုပ်ရန်လျာထားမှုမှာ မြို့နယ်လေးခုတွင် အခန်းပေါင်း ၈၀၀၀ ကျော်ရှိသည်ဟုသိရသည်။

လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာတွင် အခန်းပေါင်း ၁၂၀၆ ခန်း၊ သန်လျင်အောင်ချမ်းသာတွင် အခန်းပေါင်း ၃၄၀၀ ၊ဒဂုံဆိပ်ကမ်းတွင် အခန်းပေါင်း ၁၀၄၀၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် အခန်းပေါင်း ၂၃၀၀ ဖြင့်စုစုပေါင်း ၂၃၀၀ ဖြင့် စုစုပေါင်းအခန်း ၈၀၀၀ ကျော်လျာထားသည် ဟုသိရသည်။

ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်တွင် အခန်းပေါင်း ၂၂၀၈ ခန်းကိုလည်း ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။

ကျုးကျော်တဲများအတွက် လှိုင်သာယာမြို့နယ်တွင်လည်း ရပ်ကွက်သစ်တစ်ခုဖော်ထုတ်ရန် မြေနေရာရှာဖွေထားကြောင်း နှင့် အရန်မြေနေရာအနေဖြင့် လှိုင်သာယာမှ တွံတေးဘက်သွားသည့် အခြမ်းတွင် မြေဧက တစ်သောင်းကျော်လျာထားသည် ဟုသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကောက်ယူခဲ့သော ကျူးကျော်ခန့်မှန်းစာရင်းအရ အိမ်ထောင်စု ၁၁၆ , ၉၇၅ စုရှိပြီး လူဦးရေအနေဖြင့် ၄၄၁,၆၄၆ ဦးဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျုးကျော်များတွင် အစစ်အမှန်ကျူးကျော်သူများနှင့် စီးပွားရေးဖြစ် ကျုးကျော်သူများဟူ၍ တွေ့ရှိခဲ့ကြောင်းသိရသည်။

အစစ်အမှန်ကျုးကျော်သူများမှာ အမှန်တကယ်နေစရာမရှိဘဲ စာရင်းကောက်ယူထားသည့်အထဲတွင် ပါဝင်သည့်သူများဖြစ်သည်ဟုသိရသည်။

အမှန်တကယ်ကျုးကျော်သူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့်အကူအညီများကို ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျုးကျော်များကို စနစ်တကျ စာရင်းကောက်ယူမည်ဖြစ်ပြီး ဘဝပြန်လည်ထူထောင်ရေးအတွက်ပါ ကူညီပေးမည်ဟု သိရသည်။

Source: Weekly Eleven

Infrastructure and Zones Read 41 times