Junction City


26 October, 2020

Junction City စီမံကိန်းမှာ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ လေဟာပြင် market ကို ပြန်လည်တည်ဆောက်သည့် ဘက်စုံသုံး (mixed-use) စီမံကိန်း ဖြစ်ပါသည်။ ထို စီမံကိန်းတည်နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်ရှိ မြေ ၆.၅ ဧက ဖြစ်ပါသည်။

 

နောက်ခံသမိုင်း တင်ဒါကြေးနှင့် ရင်းနှီးမြှုပ်နှံမှု

အခုပြန်လည်တည်ဆောက်မည့် စီမံကိန်းကို ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး Junction City ဟု အမည်ရပါသည်။ ယခင်က ထိုနေရာမှာ လေဟာပြင်ဈေးသစ်ရှိပြီး အစိုးရအသစ်တက်လာချိန်တွင် ထိုနေရာကို ပြန်လည်တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က ၂၀၁၂ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ပါသည်။

တင်ဒါကို မြန်မာကုမ္ပဏီဖြစ်သည့် ရွှေတောင်ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် အောင်မြင်ခဲ့ပြီး စည်ပင်သာယာနှင့်် အကျိုးတူ ပူးပေါင်းရေး သဘောတူညီချက်ရရှိခဲ့ပါသည်။အကျိုးတူပူးပေါင်းရာတွင် စည်ပင်သာယာက ၅၁.၆%၊ ရွှေတောင်မှ ၄၈.၄ % ပိုင်ဆိုင်သည်ဖြစ်သည်။ စီမံကိန်းကို စည်ပင်က မြေငှား၍ BOT  နှစ် ၇၀ စနစ်ဖြင့် ပြုလုပ်မည်ဖြစ်သည်။

ရွှေတောင်က စည်ပင်သာယာကို မြေပရီမီယံကြေးအနေဖြင့် ငွေကျပ် ၁၂ ဘီလီယံပေးမည်ဖြစ်ပြီး စီမံကိန်းလုပ်ရာမှာ အကျိုးအမြတ်များမှ တစ်နှစ်လျှင် ၅.၈ ဘီလီယံပေးအပ်မည်ဖြစ်သည်။ Junction City တွင် ၂၃ ထပ်မြင့် ဟိုတယ်တာဝါ၊ ၂၃ ထပ်မြင့် ရုံးခန်းတာဝန်တစ်လုံး၊ မြေညီမှ ၅ ထပ် အထိ shopping center နှင့် ၂၈ ထပ်မြင့် service apartment tower ၂ လုံး ပါဝင်မည်ဖြစ်သည်။

စီမံကိန်းကို နှစ်ဆင့်ခွဲဆောက်မည်ဖြစ်ပြီး ပထမအဆင့်တွင် ဟိုတယ်၊ ရုံးခန်း၊ shopping center တို့ကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်သည်။ ဒုတိယအဆင့်ဖြစ်သည့် service apartment ကို ၂၀၁၈ တွင်စတင်ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။ ယင်း ဒုတိယအဆင့်ကို ဆောက်လုပ်ရန် စင်ကာပူနိုင်ငံအိမ်ခြံမြေလုပ်ငန်းမှ  Keppel Land ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ရွှေတောင်ကုမ္ပဏီတို့ပူးပေါင်းဆောက်လုပ်ရန်သဘောတူညီခဲ့သည်။

ထိုဒုတိယအဆင့်စီမံကိန်းအတွက်စုစုပေါင်းရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၈.၆ သန်းကျသင့်မည်ဖြစ်ပြီး Keppel Land မှ ၄၀ ရာခိုင်နှုန်းကို ထည့်ဝင်မည်ဖြစ်ကြောင်းသိရသည်။ ထိုစီမံကိန်းတွင် ရွှေတောင်တွင်မကဘဲ အခြား နိုင်ငံခြားပုဂ္ဂလိက ကုမ္ပဏီများလည်း ပါဝင် ရင်းနှီးမြှုပ်နှံထားပါသည်။ ထိုသို့ နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရာတွင် စီမံကိန်းတစ်ခုလုံးအား ခြုံ၍ မြှုပ်နှံခြင်းမျိုးမဟုတ်ဘဲ တာဝါတစ်ခုခြင်းစီကို မြှုပ်နှံခြင်းဖြစ်သည်။

Junction City စီမံကိန်းတွင် ၁၁၇ ကီလိုဝပ်ရှိသော solar photovoltaic (PV) စနစ်တပ်ဆင်ရန် ရွှေတောင်ကုမ္ပဏီနှင့် Sunlabob Renewable Energy ကုမ္ပဏီတို့ သဘောတူညီလိုက်ကြောင်းသိရသည်။ ထိုစီမံကိန်း၏ အပေါ်ဆုံးထပ်ခေါင်းမိုးတွင် solar ပြား ၄၅၀ ဖြင့်တပ်ဆင်ထားခြင်းဖြင့် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၁၄၀,၀၀၀ kWh ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် solar စနစ်ကို၂၅ နှစ်ထက်ပိုအသုံးပြုခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု နှင့် အရေးပေါ်အခြေအနေဒီဇယ်သုံးစွဲခြင်းတို့ကိုလျော့ချခြင်းဖြင့် ထိုစီမံကိန်း၏ကုန်ကျစရိတ်ကိုပါ လျော့ချနိုင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းစီမံကိန်းတွင် ကားအစီးအရေ ၁၅၀၀ ကျော်ရပ်နားနိုင်မည့် ရန်ကုန်မြို့၏ အကြီးဆုံးကားပါကင် တစ်ခုဖြစ်လာမည် ဖြစ်ကြောင်းသိရသည်။

 

ဟိုတယ်တာဝါ (Pan Pacific Yangon)

ထို ဟိုတယ်တာဝါသည် ၂၅ ထပ်မြင့်ပြီး အခန်း ၃၄၈ ခန်းပါဝင်ကာ Pan Pacific တံဆိပ် ဖြင့် 5 star ဟိုတယ် ဖြစ်လာမည်ဖြစ်သည်။ ထိုဟိုတယ်ကို ရွှေတောင်နှင့် Pan Pacific Hospitality (PPH) တို့ ပူးပေါင်းဆောင်ရွက်မည်ဟု PPH၏ မိခင်ကုမ္ပဏီဖြစ်သည့် စင်္ကာပူ UOL Group က ၂၀၁၃ ခုနှစ်တွင် ကြေငြာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် တရားဝင် ရွှေတောင်နှင့် PPH တို့ တရားဝင် ပူးပေါင်းစာချုပ်ရေးထိုးခဲ့ပြီး ပူးပေါင်းမြန်မာကုမ္ပဏီတစ်ခု ကို မတည်ငွေ ဒေါ်လာ ၃၇.၅ သန်းဖြင့် တည်ထောင်ခဲ့ပါသည်။

ထိုကုမ္ပဏီကို City Square Hotel ဟုခေါ်ပြီး PPH မှ ၂၀% ပိုင်ဆိုင်ပြီး ရွှေတောင်မှ ၈၀% ပိုင်ဆိုင်ပါသည်။ ထို ၂၀% နှင့်အလိုက် PPH က City Square Hotel ကုမ္ပဏီအတွက် ဒေါ်လာ ၇.၅ သန်း ပေးရန် သဘောတူညီခဲ့ပါသည်။    နောက်ဆုံးတွင် ထိုဟိုတယ်တာဝါကို ရွှေတောင်မှ ၂၉%၊ City Square Hotel မှ ၅၁% နှင့် PPH မှ ၂၀% ပိုင်ဆိုင်သည်ဟု သိရပါသည်။ ဤဟိုတယ်သည် စီမံကိန်း၏ ပထမအဆင့်ဖြစ်ပြီး ၂၀၁၇ တွင် ဖွင့်လှစ်မည်ဟု ကြေငြာထားပါသည်။

 

Office Tower

ထို Office Tower မှာ ၂၃ ထပ်အမြင့်ရှိပြီး ရုံးခန်းနေရာစုစုပေါင်း စတုရန်းမီတာ ၃၃၄၀၀ ရှိသည်ဟု ကြေငြာထားပါသည်။ စင်္ကာပူနိုင်ငံမှ Sedona Hotel ပိုင်ရှင် Keppel Land နှင့် ရွှေတောင်တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထိုတာဝါ၏ ရှယ်ယာ ၄၀% ကို Keppel Land က ၂၀၁၄ တွင် ရွှေတောင်မှ ဝယ်ယူခဲ့ပါသည်။ ထိုးရုံးခန်းတာဝါသည် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ သန်း ၁၁၈.၅ ခန့် ရှိသည်ဟု ခန်းမှန်း ထားပြီး Keppel Land မှ ၄၀% ရွှေတောင်မှ ၅၅% နှင့် City Square မှ ၅% ပိုင်ဆိုင်ကြောင်း သိရပါသည်။

စီမံကိန်းကုန်ကျစရိတ်အတွက် Keppel Land မှ ဒေါ်လာသန်း ၄၇.၄ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ထို ရုံးခန်းတာဝါပြီးသည့်အချိန်တွင် သူတို့ကိုယ်တိုင် စီမံခန့်ခွဲမည်ဖြစ်သည်။ တစ်ထပ်တွင် ရုံးခန်းနေရာ စတုရန်းမီတာ ၁၇၀၀ မှ ၂၀၀၀ အထိ ရှိ၍ မျက်နှာကြက်အမြင့်မှာ ၂.၈ မီတာ ရှိပါသည်။ အပေါ်ဆုံးထပ်တွင် roof garden တစ်ခုပါရှိပြီး မျက်နှာကြက်အမြင့်မှာ ၅.၅ မီတာအမြင့်ရှိပါသည်။

သို့သော်လည်း မြေညီထပ်မှ ၃ ထပ်အထိ shopping centre ဖြစ်သည့်အတွက် ရုံးခန်းလွှာမှာ အထပ် ၂၀ သာ ပါရှိပြီး ဖျော်ဖြေရေးစင်တာလည်းပါရှိကြောင်းသိရသည်။ ထိုရုံးခန်းတာဝါတွင် ဓာတ်လှေကား ၁၁ စင်း တပ်ဆင်ထားမည်ဖြစ်ပြီး လူစီး ၈ စင်း၊ အရေးပေါ် ၁ စင်းနှင့် ကားတင် ၂ စင်းတို့ ပါဝင်ပါသည်။ နံရံများကို unitized aluminium နှင့် double-glazed အပူရှိန်စုပ် မှန်များ တပ်ဆင်ထားမည်ဟု သိရပါသည်။

 

Junction City Shopping Centre

Shopping Centre သည် စီမံကိန်းတစ်ခုလုံး၏ မြေညီထပ်မှ ၄ ထပ်အထိပါရှိပြီး  ရွှေတောင်ကပင် Junction တံဆိပ်ဖြင့် စီမံခန့်ခွဲမည်ဖြစ်သည်။ မြေညီထပ်မှ ၂ ထပ်အထိ ဖက်ရှင်ဆိုင်၊ ရွှေဆိုင်၊ ကော်ဖီဆိုင်၊ အလှပြင်ဆိုင်တို့အား ဦးစားပေး ဖွင့်လှစ်မည်ဖြစ်ပြီး ၄ ထပ်တွင်မူ စူပါမားကက်၊ အီလက်ထရောနစ်နှင့် ဖျော်ဖြေရေးဆိုင်ရာ အခန်းများကို အများဆုံး ဖွင့်လှစ်သွားမည်ဖြစ်သည်။

၅ ထပ်တွင်မူ မြန်မာနိုင်ငံ၏ ပထမဆုံး IMAX ရုပ်ရှင်ရုံ ပါဝင်မည်ဖြစ်ပြီး အခြား ကော်ဖီဆိုင်များလည်း ရှိမည်ဖြစ်သည်။ IMAX ရုပ်ရှင်ရုံများမှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ရုပ်ရှင် screen များဖြစ်ပြီး တိုက် ၇ ထပ်စာလောက်မြင့်ပါသည်။

Company Country of Origin Role
Shwe Taung Junction City Myanmar Master developer
Keppel Land Singapore Stakeholder
Pan Pacific Hospitality Singapore Stakeholder and hotel management
Shwe Taung Construction Myanmar Main Contractor
Green River Construction and Engineering Myanmar Contractor
DP Architects Singapore Architect
Audax Visuals Singapore Computer rendering visuals
EPCM Myanmar Myanmar  
Peri Asia Singapore Formwork and lifting
Hexagon Myanmar Construction Myanmar Survey
Nylect Engineering Singapore Supplier and fitting
ABB   Gas-insulated switchgear (GIS)
Mixed Use and Urban Read 176 times