Kabaraye Executive Residence


27 October, 2020

Kabaraye Executive Residence စီမံကိန်းကို အမှတ် ၆၅ B၊ ကမ္ဘာအေးဘုရားလမ်းမကြီး ၊ နဂါးရုံကျောင်းလမ်း ၊ ရန်ကုန်မြို့တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

ယင်းစီမံကိန်းကိုမြန်မာနိုင်ငံမှ Living Square မှမြေပိုင်ဆိုင်ကြောင်းသိရသည်။

ထိုစီမံကိန်းကို ဂျပန်အခြေစိုက် M’S Group မှဒီဇိုင်းနှင့်စီမံကိန်းရေးဆွဲပေးထားပြီး A1 construction မှဆောက်လုပ်ပေးထားသည်ဟု သိရသည်။

ယင်းစီမံကိန်းကိုထိုင်းနိုင်ငံအခြေစိုက် Project Asia မှစီမံကိန်းကိုစီမံခန့်ခွဲပေးထားပြီး ထိုင်းနိုင်ငံမှ Seafco Public Company မှအောက်ခြေအဆင့်များကိုတာဝန်ယူဆောက်လုပ်ပေးထားကြောင်းသိရသည်။

ယင်းအဆောက်အဦး၏အတွင်းပိုင်းအပြင်အဆင်ကို Living Square မှတာဝန်ယူထားပြီး Australiaအခြေစိုက် Meinhardt company မှ တည်ဆောက်မှုပုံစံနှင့် M& E ဒီဇိုင်းပြုုလုပ်ပေးထားပါသည်။

အဆာက်အဦးအတွက် Ever Seiko corporation မှ ပစ္စည်းများကို အသုံးပြုထားကြောင်းသိရသည်။

အဆောက်အဦးမှာ ယခုအချိန်တွင် ၁၈ လွှာအထိပြီးစီးနေပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် အခန်းအပ်နိုင်မည်ဟု သိရသည်။

ထိုစီမံကိန်းတွင် basement ၃ထပ် နှင့် အထပ်ပေါင်း၂၉ ထပ် ဖြင့်တစ်လွှာတွင် lobby အပါအဝင် ၉ ခန်းပါဝင်ကြောင်းသိရသည်။

ယင်းအဆောက်အဦးတွင် basement ၃ လွှာ၊ ၆ ထပ်နှင့် ၇ ထပ်တို့တွင် ကားပါကင်ထားရှိမည် ဖြစ်သည်။

အဆောက်အဦး၏ မြေညီထပ်မှ ၅ လွှာအထိ shopping centre ထားရှိမည်ဟု သိရသည်။

အဆောက်အဦး၏ ၈ လွှာမှ ၁၉ လွှာအထိ လူနေအိမ်ယာများထားရှိမည်ဖြစ်ပြီး ၂၀ လွှာနှင့် ၂၁ လွှာတွင် ရေကူးကန်၊ အားကစားခန်းမ၊ ကလေးအားကစားကွင်း အစရှိသည့် facilities များထားရှိမည် ဖြစ်သည်။

ယင်းအဆောက်အဦး၏ ၂၂ လွှာမှ ၂၉ လွှာအထိ penthouse ပါဝင်မည်ဖြစ်ပြီး အပေါ်ဆုံးတွင် heliport ပါရှိမည် ဟုသိရသည်။

ထိုအဆောက်အဦးတွင် ဓာတ်လှေခါး ၆ စင်းပါဝင်မည်ဖြစ်ပြီး shopping centre အတွက် ၃ စီးနှင့် လူနေအိမ်ယာအတွက် ၃ စီးပါဝင်မည်ဖြစ်သည်။

အခန်းအကျယ်အဝန်းနှင့်အခန်း pricing

အခန်းအကျယ်အဝန်းမှာ ၁၂၀၀ စတုရန်းပေ မှ ၄၀၀၀ ကျော်အထိရှိပြီး အခန်း pricing မှာစတုရန်းတစ်ပေလျှင် ကျပ်သုံးသိန်းကိုးသောင်းမှလေးသိန်းကျော်အထိကျသင့်မည်ဟု သိရသည်။

ငွေပေးချေမှုမှာ တစ်နှစ်အရစ်ကျ၊ သုံးနှစ်အရစ်ကျဖြင့် ပေးချေရမည်ဟုသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from myanmartimes, skyscrapercity website, post from Myanmar facebook, kerexecutiveresidence website.

Residential Read 47 times