ကုလားတန်မြစ်ကြောင်းစီမံကိန်းကို အိန္ဒိယ နိုင်ငံနှင့် အာဆီယံဒေသတွင်းဆက်သွယ်မည့် စီးပွားရေးစင်္ကြံတစ်ခုဖြစ်လာစေရန် ရင်းနှီး မြှုပ်နှံမှုဖိတ်ခေါ် မည်ဖြစ်ကြောင်း ချင်းပြည် နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးထံမှ သိရသည်။
အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံနှင့်အိန္ဒိယ နိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ဆက် သွယ်သွားလာမှုလွယ်ကူစေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ပြီး ချင်းပြည်နယ်ရှိ ပလက်ဝါ မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ဇိုရမ်ပွီ မြို့တို့ကြား ဆက်သွယ်မည့်ကားလမ်းကို စတင်ဖောက်လုပ်လ ျှက်ရှိသည်။ ထို့ပြင် ပလက်ဝမြို့မှ ကက္ကူးဝကျးရွာအထိ လမ်းကြောင်းရှာဖွေတိုင်းတာခြင်းကိုဆောင်ရွက်ပြီး ဖြစ်၍ လက်ရှိတွင် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို အခြေခံကာ ရေရှည်တွင် စီးပွားရေးစင်္ကြံတစ်ခုဖြစ်လာစေရေး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် ပြင်ဆင်လ ျှက် ရှိကြောင်း သိရသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း ပြီးစီးပါက နယ်စပ်ကုန်သွယ်ရေးအတွက် ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့သည်အလားအလာရှိသော ဒေသတစ်ခုဖြစ်လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့်စီမံကိန်းကိုအသုံးပြု၍ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဝင်ရောက်ယှဉ်ပြိုင်ရန်လိုအပ်မည်ဖြစ်သည်။ လက်ရှိတွင် ယင်းလမ်းကြောင်း၏ အစိတ်အပိုင်းဖြစ်သည့် မတူပီ-ပလက်ဝလမ်းနှင့် ကျောက်တော်-ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတားစီမံကိန်းကို တည်ဆောက်လ ျှက်ရှိရာ ၂၀၂၀ပြည့်နှစ် မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။