ကုလားတန်မြစ်ကူးတံတားသံပေါင်အသစ်များ နယ်မြေမလုံခြုံ၍ မသယ်နိုင်သေးကုလားတန်မြစ်ကူးတံ တားတည်ဆောက်ရန်သံပေ


17 December, 2020

ကုလားတန်မြစ်ကူးတံ တားတည်ဆောက်ရန်သံပေါင်အ သစ်များ အဆင်သင့်ဖြစ်သော် လည်း နယ်မြေမလုံခြုံ၍ မသယ် ဆောင်နိုင်သေးကြောင်း ချင်း ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကပြောသည်။

ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေး သံပေါင်တန် ၃၀၀ ခန့်သယ်ဆောင်လာသည့် သင်္ဘောကို AA အဖွဲ့ကပြီးခဲ့ သည့် မေလ ၁၆ ရက်တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။

ယခုသယ်ယူရန် စီစဉ်ထား သည့် သံပေါင်များတွင် မီးရှိုခဲ့ သည့် သံပေါင်များအစားထုတ် လုပ်ထားသည့် သံပေါင်များ လည်းပါဝင်သည်ဟု ဝန်ကြီးက ဆိုသည်။

‘‘သယ်တဲ့ကိစ္စမှာလည်း AA ကကုလားတန်မြစ်ကို ပိတ်ဆို့ တား ဆီးတော့ စက်လှေသွားတဲ့သူ ရော၊ ကားနဲ့သွားတဲ့သူတွေရော ဖမ်းတယ်။ သံပေါင်တွေက သယ် ဖို့လုပ်နေပြီ။ လုံခြုံရေးစိတ်မချရ သေးလို့ မသယ်နိုင်သေးဘူး။ သင်္ဘောနှစ်စီးစာရှိတယ်’’ ဟု ဦးစိုးထက်ကပြောသည်။ အဆိုပါ သံပေါင်များသည် အောက်တိုဘာလဆန်းတွင်သယ် ယူရန်အသင့်ဖြစ်နေခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။

တံတားတည်ဆောက်ရေး အတွက်သံပေါင်များ AA အဖွဲ့က မီးရှို့ဖျက်ဆီးပြီးနောက် အသစ်ပြန်လည် ထုတ်လုပ်ခြင်းဖြစ်သည်။ ထိုတံတားကို ၂၀၂၀ ဖေ ဖော်ဝါရီ ၂၀ ရက်တွင် စတင်ဖွင့် လှစ်ရန် စီစဉ်ထားသော်လည်း AA ၏ နှောင့်ယှက်မှုကြောင့် ကြန့်ကြာနေသည်ဟု ဦးစိုးထက်က ဆိုသည်။ ထိုစီမံကိန်းသည် အိန္ဒိယ နိုင်ငံက ဆောင်ရွက်နေသည့် ကု လားတန်ဘက်စုံသုံးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည်။

Local Read 100 times