ကန်သာယာစင်တာကိုကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊ ယခင်သိမ်ဖြူယာဉ်မောင်းကွင်းဟောင်း နေရာရှိ ဧရိယာ(၃.၅၃)ဧက ကျယ်ဝန်းသောစည်ပင်မြေပေါ်တွင် တည်ဆောက်လျက ်ရှိပါသည်။
ယင်းစင်တာကို Asia Myanmar Consortium Development နှင့် Shinning Star Construction တို့မှတာဝန်ယူဆောက်လုပ်သည်ဟုသိရှိရပါသည်။
ယင်းပရောဂျက်ကို၂၀၁၃ခုနှစ်တွင်စတင်ခဲ့ပြီး၂၀၁၈ခုနှစ်တွင်ပြီးဆုံးမည်ဟုခန့်မှန်းရပါသည်။
အဆောက်အဦး(၄)ခုပါဝင်မည်ဖြစ်ပြီး၎င်းတို့မှာHotel, Office Tower, Residence နှင့် Service Apartment တို့ဖြစ်သည်။
Residence Area မှာ (၃၁၇၀၀၀)Sqft ဖြစ်ပြီး အခန်းပေါင်း (၁၃၄)ခန်းနှင့် အထပ်ပေါင်း (၂၅) ထပ် ပါဝင်သည်ဟုသိရပါသည်။
Office Area မှာ (၃၉၂၀၀၀)Sqft ဖြစ်ပြီး အခန်းပေါင်း (၁၆၈)ခန်းနှင့် အထပ်ပေါင်း(၂၃) ထပ်ပါဝင်ကာ၊ Service Apartment Area မှာ (၃၆၇၀၀၀)Sqft ဖြစ်ပြီး အခန်းပေါင်း (၁၇၁)ခန်း နှင့် (၂၃)ထပ်၊Hotel Area မှာ(၄၅၈၀၀၀)sqft အနေဖြင့် (၂၃၇)ခန်း ပါဝင်ဖွဲ့စည်းထားသည်ဟုသိရပါသည်။
Hotel နှင့် Service Apartment တို့ဧ။် ၁လွှာမှ၃လွှာအထိတွင် (၅၆၂၇၀)စတုရန်းပေကျယ်ဝန်းသော
Shopping Mall ကိုထားရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။
Residence Area တွင်တစ်ထပ်လျှင်(၆)ခန်းပါဝင်မည်ဟုသိရပြီး ၂၄ ထပ်နှင့် ၂၅ ထပ်တို့တွင် Penthouseကိုထားရှိမည်ဟုသိရပါသည်။
Residence Area တွင်ဓာတ်လှေခါး(၃)စီးနှင့်အရေးပေါ်လှေခါး(၂)စင်းတို့ပါဝင်မည်ဟုသိရပါသည်။
Residence Area တွင် (၁၆၀၈)စတုရန်းပေ(3 Bedroom) ၊ (၁၅၈၂)စတုရန်းပေ(3 Bedroom) ၊ (၁၄၈၅)စတုရန်းပေ(2 Bedroom) ဟူ၍အခန်းအမျိုးအစား(၃)မျိုးခွဲခြားထားသည်ဟုသိရပါသည်။
Penthouse ကိုလည်း (၂၈၂၄)စတုရန်းပေ (5 Bedroom) ၊ (၂၇၄၅)စတုရန်းပေ(5 Bedroom) ၊ (၂၆၄၈)စတုရန်းပေ(4 Bedroom) ဟူ၍(၃)မျီုးခွဲခြားထားသည်ဟုသိရပါသည်။
ကားပါကင်အနေဖြင့် Residence တွင် တစ်ခန်းလျှင် တစ်စီးနှုန်းဖြင့် ထည့်သွင်းပေးထားပြီး၊Office Tower,Service Apartment နှင့် Shopping Mall တို့တွင် ကားအစီးရေ (၇၀၀)ခန့် ရပ်နားနိုင်မည်ဖြစ်သည်။
အဆောက်အအုံတိုင်းတွင်ကားပါကင်ကို Basement 1 နှင့် 2 တို့တွင်ထားရှိမည်ဟုသိရပါသည်။
Residence Area တွင် Swimming Pool & Pool Refreshment Area ၊ Children’s Playground ၊ Gym & Fitness Centre ၊ Multi-Purpose Hall ၊ Lanscape Garden ၊ Water Feature/Pond ၊ Outdoor BBQ Area ၊ Centralized Wasted Disposal ၊ Fire Protection စသည့် Facilities များပါဝင်မည်ဟုသိရပါသည်။
အခန်းဈေးနှုန်းမှာ Residence Area တွင် ၁ စတုရန်းပေ=၃သိန်း၃သောင်းခန့်နှင့် Office Area တွင် ၁ စတုရန်းပေ=၃သိန်း၆သောင်ခန့်းဖြစ်သည်ဟုသိရပါသည်။
ငွေပေးချေမှုစနစ်မှာပထမဆုံးစာချုပ်ချုပ်ဆိုခြင်း၅၀%ပေးချေရမည်ဖြစ်ပြီးကျန်ရှိသော၅၀%ကိုဧရာဝတီဘဏ်နှင့်ချိတ်ဆက်၍၃နှစ် ၊ ၅နှစ် ၊ ၁၀နှစ် စသည်ဖြင့်အရစ်ကျပေးချေနိင်ကြောင်းသိရပါသည်။
Kan Thar Yar Centre Showroom ၊ imyanmarhouse