Kanaung Low cost housing


27 October, 2020

ထိုစီမံကိန်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၈၉ ရပ်ကွက် ကနောင်လမ်းမကြီး ဘေးတွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တို့ကဦးဆောင်၍ ဆောက်လုပ်ထားပါသည်။

ထိုစီမံကိန်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ တွင် စတင်တည်ဆောက်ခဲ့ပြီး အိမ်ယာများကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်ရောင်းချနိုင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းသည် မြေ ၁၀ ဧကပေါ်တွင် တည်ဆောက်ထားပြီး အဆောက်အဦး စုစုပေါင်း ၃၂ လုံးပါဝင်ပါသည်။

အခန်းပေါင်း ၄၈၀ ပါဝင်ပြီး စတုရန်းပေ ၄၆၈ ကျယ်ဝန်းသော ခြောက်ခန်းတွဲ လေးထပ်အဆောက်အဦး အလုံး၂၀၊စတုရန်းပေ ၄၈၄ နှင့် စတုရန်းပေ ၅၂၂ ကျယ်ဝန်းသောအခန်းပေါင်း ၃၈၄ ခန်းပါဝင်သော အဆောက်အဦး ၁၂ လုံးတို့ ပါဝင် ဆောက်လုပ် ထားသည်။

ထိုစီမံကိန်းတွင် မြေညီထပ်ကို ကျပ်ငွေ ၁၂သန်း ကျသင့်မည်ဖြစ်ပြီး အထပ်မြင့်လေ တန်ဖိုးလျော့သွားမည် ဖြစ်သည်။

ယင်းစီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို ပြည်သူများကို ရောင်းချမည် ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို အစိုးရ ဝန်ထမ်းများကို ရောင်းချမည်ဟုသိရသည်။

Source:The Myanmar Time,Kyeemon,Myanmar alin

Public Housing Read 108 times