Kanbae Towers


04 November, 2020

Kanbae Towers စီမံကိန်းသည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင်မြန်မာနိင်ငံမှ developer လုပ၍ တရုတ်ဆောက်လုပ်ရေး မှဆောက်လုပ်ပေးမည့် ဒေါ်လာသန်း ၆၀ တန်လူနေ ကွန်ဒိုစီမံကိန်းတစ်ခုဖြစ်ပါသည်။

Kanbae Towers ကို မြန်မာနိုင်ငံမှ New World Shwe Pyi Tan နှင့် Souhtern Metal Industry (SMI) တို့ ပူးပေါင်းဖွဲ့ထားသော Golden Thitsar ကုမ္ပဏီက တည်ဆောက်သူ (Developer) အနေဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်အခြေဆိုက် Toener International မှလဲ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုအဖြစ် ပါဝင်ထားပြီး Toener ၏ ဒုတိယမြောက် မြန်မာနိုင်ငံအိမ်ခြံမြေစီမံကိန်းလည်းဖြစ်သည်ဟု သိရှိရပါသည်။

ဤစီမံကိန်းမှာ ရန်ကင်းမြို့နယ် ကံဘဲ့ဘူတာရုံလမ်း မြေ ၂.၂၀၉ ဧကပေါ်တွင်တည်ဆောက်မည်ဖြစ်ပြီး အထပ်မြင့်လူနေတာဝါ ၅ လုံးပါဝင်မည်ဖြစ်သည်။

Company Country of Origin Role
New World Shwe Pyi Tan Myanmar Developer
Southern Metal Industry Myanmar Developer
Toener International China Investor
Southwest Geotechnical Investigation & Design Institute Myanmar Investigate, design and construction

ဆောက်လုပ်ရေးအနေဖြင့် တရုတ်နိုင်ငံမှ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် နိုင်ငံပိုင် China Southwest Geotechinical Investigation & Design Institute က တာဝန်ယူ ဆောက်လုပ်မည် ဖြစ်ပြီး ဒေါ်လာ သန်း ၆ဝ တန်ဖိုးရှိ စိစစ်ဒီဇိုင်းနှင့် ဆောက်လုပ်ရေးစာချုပ်ကို နိုဝင်ဘာ ၂ဝ၁၅ ခုနှစ်တွင် ရရှိ ခဲ့ပါသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

အဆောက်အအုံအနေဖြင့် ၂၅ ထပ်အမြင့်သုံးလုံး၊ ၂၁ ထပ်တစ်လုံးနှင့် ၁၂ ထပ် တစ်လုံး ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း ကွန်ဒိုတိုက်ခန်း ၅၃၅ ခန်းပါဝင်မည်ဖြစ်ကာ အခန်းအကျယ်အဝန်းမှာ ၄၅၄ စတုရန်းပေမှ ၁၂၁၁ စတုရန်းပေအထိ ရှိမည်ဟုဆိုသည်။

စုစုပေါင်းဆောက်လုပ်ရေးကြမ်းခင်း ဧရိယာအနေဖြင့် ၇၃ဝ,ဝဝဝ စတုရန်းပေရှိပြီး ကားပါကင်တွင်လည်း ၆၉၉ စီး ရပ်နားနိုင်မည်ဖြစ်သည်။

ထိုအထပ်မြင့် တိုက်များအောက်တွင် ဈေးဝယ်စင်တာနှစ်လွှာ ပါဝင်မည်ဖြစ်ပြီး ရေကူးကန်၊ အားကစားခန်းမ၊ ပန်းခြံစသည်ဖြင့် Facilities များပါဝင်မည်ဖြစ်သည်။

စီမံကိန်းဒီဇိုင်းတွင် အစိမ်းရောင်နေရာ ကို သုံးဆယ် ရာခိုင်နှုန်း ထဲ့သွင်းရေးစွဲထားကြောင်း သိရှိရပါသည်။

တည်ဆောက်ရေးကာလအနေဖြင့် ၃ နှစ်ကြာ မြင့်မည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် နှစ်လယ်မှ စတင်တည်ဆောက်မည်ဖြစ်သည်။

Pricing and Sales Model

ထိုစီမံကိန်းကို ၂၀၁၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် တိုက် ၅လုံးရှိသည့်အနက် ၂  လုံးဖြစ်သည့် တိုက် A နှင့် တိုက် B မှ တိုက်ခန်း ၁၈၀ ကျော်ကို  တရားဝင်အရောင်းဖွင့်ခဲ့ပါသည်။

တိုက် A နှင့် တိုက် B မှ တိုက်ခန်းများကို ဈေးနှုန်းအနေုဖြင့်  ၁ စတုရန်းပေကို ဒေါ်လာ ၁၈၀ မှ ဒေါ်လာ ၂၂၀ အထိ သတ်မှတ်ထားပါသည်။ ငွေပေးချေမှုကို ၃ နှစ် အရစ်ကျပေးချေနိုင်ပါသည်။

ပထမဆုံးအနေဖြင့် ၂၀% ကို လက်ငင်းပေးချေရပြီး ၆၀% ကို လစဉ် ၃ နှစ်အရစ်ကျ ပေးနိုင်ပါသည်။ နောက်ဆုံး ၂၀% ကို အခန်းအပ်သည့်အချိန်တွင် ပေးချေရပါမည်။ 

Residential Read 72 times