Kantharyar Centre


26 October, 2020

Kantharyar Centre စီမံကိန်းသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့ ကန်သာယာလမ်း နှင့် ဦးအောင်မြတ်လမ်း ထောင့် (သိမ်ဖြူယာဉ်မောင်းသင်တန်းကျောင်းနေရာ)တွင် တည်ရှိပြီး အရောင်းအဝယ်အစည်းကားဆုံးဖြစ်သော မင်္ဂလာ market နားတွင် တည်ဆောက်နေသည့် စီမံကိန်းဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှု

ထိုစီမံကိန်းတည်ဆောက်ရန် ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့က Asia Myanmar Consortium Development ကုမ္မဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့ အကျိုးတူပူးပေါင်း၍ စာချုပ်ချုပ် ဆိုခဲ့ကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ MIC ၏ ခွင့်ပြုချက်ရယူပြီး တည်ဆောက် နေကြောင်းသိရသည်။

အိမ်ယာ အဆောက်အဦးလေးခု ၊ အထပ်ပေါင်း ၂၅ ထပ်စီပါဝင်ပြီး ကားပါကင်နေရာ ၇၅၂ နေရာပါဝင်ဆောက်လုပ်ထားကြောင်းသိရသည်။ အဆောက်အဦး၏ စုစုပေါင်းကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၁,၅၃၉,၄၅၇ (စတုရန်းမီတာ ၁၄၂,၉၉၀) ရှိပါသည်။

ယင်းစီမံကိန်း သည် အမေရိကန်ဒေါ်လာ ၂၀၀ သန်းကုန်ကျသော mixed-used development စီမံကိန်းတစ်ခုဖြစ်ပြီးမြေ ဧက ၃.၅၂  ကျယ်ဝန်းကြောင်းသိရပါသည်။

ထိုစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် Asia Myanmar Shining Star Investment ကုမ္မဏီက အဓိကပါဝင်ပြီး Asia Myanmar Consortium Development နှင့် Hong Kong Shining Star ကုမ္မဏီတို့မှ အကျိုးတူပူးပေါင်း ဆောင်ရွက် ထားကြောင်းသိရသည်။

အဆောက်အဦးလေးခုထဲမှ လူနေအိမ်တာဝါကို Asia Myanmar Consortium Development ကုမ္မဏီမှ တာဝန်ယူတည်ဆောက်ကြောင်းသိရသည်။  ကျန်ရှိနေသောအဆောက်အဦး သုံးခုကို Asia Myanmar Shining Star Investment မှ တာဝန်ယူဆောက်လုပ်နေကြောင်းသိရသည်။

Asia Myanmar Shining Star Investment ကုမ္မဏီမှ Five Star Hotel နှင့် Service Apartment အဆောက်အဦးများဆောက်လုပ်ပြီးစီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသိုပြန်လည်အပ်နှံ ရမည်ဖြစ်ကြောင်းသိရသည်။ ထို့နောက်မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မှ ယင်းကုမ္မဏီသို့ ပြန်လည်ဌားရမ်းသွားမည် ဖြစ်ကြောင်းသိရသည်။ 

ဟိုတယ်နှင့် service apartment အဆောက်အဦးကို five star အဆင့်မှီဟိုတယ်ဝန်ဆောင်မှှုအဖြစ် အမေရိကန်နိုင်ငံမှ Wyndham Hotel Group မှစီမံခန့်ခွဲမည်ဖြစ်ပြီး စီမံခန့်ခွဲရေးစာချုပ်မှာ ၁၅ နှစ်ကြာမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်နှစ်စပိုင်းက ချုပ်ဆိုခဲ့ကြောင်းသိရသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

စီမံကိန်းတွင် အထပ်ပေါင်း ၂၅ထပ်၊ အခန်းပေါင်း ၁၃၂ ခန်း နှင့် ဓာတ်လှေခါး ၃ စင်းပါဝင်သော လူနေအိမ်တာဝါ၊ အထပ်ပေါင်း ၁၉ထပ်ရှိပြီး ဓာတ်လှေခါး ၆ စင်းပါဝင်သော ရုံးခန်းတာဝါ၊ ဓာတ်လှေခါး ၄ စင်းပါဝင်ပြီး အထပ်ပေါင်း ၁၉ထပ် ပါဝင်သော Five star Hotel  နှင့် စတုရန်းပေ ၂၁၈,၀၁၂ ကျယ်ဝန်းပြီး အခန်းပေါင်း  ၁၇၁ ခန်း၊ အထပ်ပေါင်း၁၉ ထပ်  နှင့် ဓာတ်လှေခါး ခြောက်စင်း ပါဝင်သော Service Apartment တို့ ထည့်သွင်းဆောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။

အဆောက်အဦး၏ ဗိသုကာ ကို စင်ကာပူမှ AGA Architect မှဆွဲပေးထားပါသည်။

ထိုစီမံကိန်းတွင် နိုင်ငံခြားသား အင်ဂျင်နီယာ ၂၀၊ ပြည်တွင်းမှအင်ဂျင်နီယာ ၃၀ နှင့် လုပ်သားအင်အား၃၀၀ ကျော်တို့ဖြင့် ပူးပေါင်းအကောင်အထည်ဖော်တည်ဆောက် နေကြောင်းသိရသည်။

Residence and Office

ယခုအချိန်တွင် ထိုစီမံကိန်း၏ ပထမဆုံးအပိုင်း ဖြစ်သော လူနေအိမ်တာဝါအား  အကြမ်းအနေဖြင့် ဆောက်လုပ် ပြီးစီးခဲ့ကြောင်းသိရသည်။ လူနေအိမ်တာဝါသည် စုစုပေါင်းကြမ်းခင်းဧရိယာ  ၃၂၀,၀၀၀ စတုရန်းပေ ရှိသည်။ လာမည့်ခြောက်လအတွင်း အပြီးသတ်ဆောက်လုပ် မည်ဖြစ်ကြောင်းသိရသည်။

လူနေတာဝါတွင်အခန်းအကျယ်အဝန်းမှာ ၁၄၈၅ စတုရန်းပေ မှ ၁၆၀၀ စတုရန်းပေ အထိရှိသည်။ Pricing အနေဖြင့် ၁ စတုရန်းပေကို သုံးသိန်းခွဲရှိသည် ဟုဆိုသည်။ ငွေပေးချေရာတွင် ၇၈ ရာခိုင်နှုန်းလက်ငင်းပေးရမည်ဖြစ်ပြီး တစ်လကို၂ ရာခိုင်နှုန်းပေးရမည်ဖြစ်သည်။နောက်ဆုံး ၁၀ ရာခိုင်နှုန်းးကို အခန်းအပ်လျှင်ပေးရမည်ဖြစ်သည်။

ယခုလက်ရှိတွင် ထိုစီမံကိန်း၏ ဒုတိယအပိုင်း ဖြစ်သော ရုံးခန်းတာဝါ ၏ ၄၀ ရာခိုင်းနှုန်း (အထပ်ပေါင်း ကိုးထပ်) အထိ ဆောက်လုပ် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ လူနေအိမ်တာဝါသည် စုစုပေါင်းကြမ်းခင်းဧရိယာ  ၄၀၀,၀၀၀ စတုရန်းပေ ရှိသည်။  နောက်လာမည့် လေးလအတွင်း အပြီးသတ်ဆောက်လုပ် မည်ဖြစ်ကြောင်းသိရသည်။

ရုံးခန်းတာဝါကို ၁ စတုရန်းပေလျှင် ဒေါ်လာ ၃၆၆ ဖြင့်ဈေးနှုန်းသတ်မှတ်ကာ တစ်တိုက်လုံးရောင်းမည် ဟုဆိုသည်။

ထိုအဆောက်အဦး၏ မြေအောက်နှစ်လွှာနှင့် အပေါ်ထပ်တစ်လွှာတွင် ကားပါကင်များ၊ ရေသိုလှောင်ကန်များ၊ ထရန်စဖော်မာအခန်းများ ၊မီးသတ်ရေသိုလှောင်ကန်များနှင့် အညစ်အကြေးစွန့်ပစ်ခန်းများထည့်သွင်းဆောက်လုပ်ထားကြောင်းသိရသည်။

ထိုအဆောက်အဦးများမှ ရွှေတိဂုံဘုရားကိုဖူးမြော်နိုင်မည် ဖြစ်ပြီး ကန်ရိပ်သာအလှအပကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ကြောင်းသိရသည်။

 

Hotel, Serviced Apartment and Retail

ဟိုတယ်နှင့်service department ၏အောက်တွင် shopping center တခုပါဝင်ကြောင်းသိရပါသည်။ယင်းစီမံကိန်းတာဝါများသည် သုံးလွှာမှ အပေါ်ထပ်ထိ တစ်ခုချင်းခွဲထွက်သွားမည် ဖြစ်ကြောင်းသိရသည်။ shopping center သည် စုစုပေါင်းကြမ်းခင်းဧရိယာ ၁၀၀,၀၀၀ စတုရန်းပေ ရှိသည်။

ထိုစီမံကိန်း၏ တတိယအဆင့် ဖြစ်သော Five Star Hotel ၏ ပထမဦးဆုံး မြန်မာနိုင်ငံအနေဖြင့် steel structure ဖြင့် တည်ဆောက်မည့် အဆောက်အဦး ဖြစ်ကြောင်းသိရသည်။ Hotel သည် စုစုပေါင်းကြမ်းခင်းဧရိယာ ၄၅၀,၀၀၀ စတုရန်းပေ ရှိသည်။ Serviced apartment သည် စုစုပေါင်းကြမ်းခင်းဧရိယာ ၂၈၀,၀၀၀ စတုရန်းပေ ရှိသည်။

ယခုအချိန်တွင် အဆောက်အဦး၏ ဖောင်းဒေးရှင်း လုပ်ငန်းများ ဆောက်လုပ်ပြီးစီး နေပြီ ဖြစ်ကြောင်း သိရသည်။

ထို အဆောက်အဦးထဲတွင် မြေညီထပ်မှ သုံးထပ်အထိကို shopping mall, စားသောက်ဆိုင်များ၊ အားကစားခန်းမများထည့်သွင်းဆောက်လုပ်ထားကြောင်း သိရပါသည်။ သုံးထပ်မှ အပေါ် တစ်ဆယ့်ခြောက်ထပ်အထိ အခန်းပေါင်း ၂၅၈ ခန်း ကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အရေးပေါ်မီးသတ်အတွက် ဓာတ်လှေခါးများပါထည့်သွင်းဆောက်လုပ်ထားကြောင်းသိရသည်။

အခန်းPricing နှင့် ငွေပေးချေမှု

အခန်း pricing မှာ တစ်စတုရန်းပေလျှင် ကျပ် နှစ်သိန်းနှစ်သောင်းကျော်ရျိမည်ဖြစ်ပြီး ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ပြီး ၁၀ နှစ်အရစ်ကျပေးချေနိုင်ကြောင်းသိရသည်။

ရုံးခန်းများကို ဝယ်ယူသူ(သို့)ငှားရမ်းသူများအနေဖြင့် Management Fee သုံးနှစ်စာကို အခမဲ့ရရှိမည် ဖြစ်ကြောင်းသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from Kyay Mone, Kantharyar Centre office and sales materials,kumudra journal.

Mixed Use and Urban Read 106 times