မူလဗိသုကာလက်ရာအတိုင်းအလုံးစုံပြန်လည် မွမ်းမံရေးအတွက်ကမ္ဘောဇဘဏ်မှဘဏ္ဍာရေးအရပံ့ပိုးမည်


06 December, 2020

 ရန်ကုန်မြို့၏အထင်ကရနိုင်ငံ့ပြယုဂ်တစ်ခုဖြစ်သည့်အတွင်းဝန်ရုံးကို မူလဗိသုကာလက်ရာအတိုင်းအလုံးစုံပြန်လည်မွမ်းမံရေးအတွက် ကမ္ဘောဇဘဏ်မှ ဘဏ္ဍာရေးအရပံ့ပိုးမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ဒုတိယအမှုဆောင်အရာရှိချုပ်ထံမှ သိရသည်။

          အဆိုပါအတွင်းဝန်ရုံးသည်မြန်မာ့သမိုင်းကြောင်းတွင်အရေးပါထင်ရှားခဲ့ပြီး ခေတ်သစ်သမိုင်းကိုစတင်ရာသမိုင်းဝင်နေရာလည်းဖြစ်သည်။လွတ်လပ်ရေးရပြီးခေတ်တွင် ဝန်ကြီးများရုံးဟုခေါ်ဆိုခဲ့ကြသည့် အတွင်းဝန်ရုံးသည်ကိုလိုနီခေတ်ဗြိတိသျှမြန်မာအစိုးရရုံးစိုက်ရာနေရာဖြစ်ခဲ့သည်။

           အတွင်းဝန်ရုံးကို မူလဗိသုကာလက်ရာများအတိုင်းပြန်လည်မွမ်းမံနိုင်ရန် လုပ်ဆောင်နေပြီး ပြီးစီးပါက သမိုင်းအမွေအနှစ်များကို လေ့လာနိုင်သည့် အများပြည်သူနှင့် ဆိုင်သောနေရာတစ်ခုဖြစ်လာမည်ဖြစ်သည်။

          အတွင်းဝန်ရုံး၏ ပညာရေးနှင့် ယဉ်ကျေးမှုအပေါ်အလေးထားသည့် ရည်ရွယ်ချက်နှင့် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊စည်းလုံးညီညွှတ်မှု၊လူမှုအသိုင်းအဝိုင်းတို့ကိုပေါင်းစပ်လိုက်သည့်အတွက်ပိုပြီးအဓိပ္ပာယ်ရှိသွားပါတယ်။နိုင်ငံ့စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အားပံ့ပိုးပေးနိုင်မှုအပေါ် ကျွန်တော်တို့မျှဝေးထားသည့်အမြင်တွေကိုလည်း ပိုမိုခိုင်မာလာပါတယ်။

           ဒါ့ပြင် ပြန်လည်မွမ်းမံပြင်ဆင်ရေးကိုဆောင်ရွက်လုပ်ကိုင်သူများ၏ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာစံနှုန်းများအပေါ်ထားရှိသည့် ကတိကဝတ်များသည် ကျွန်တော်တို့ရဲ့ စံတန်ဖိုး၊သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အတွက်ဖြစ်သည်။

          အတွင်းဝန်ရုံးကို ပြန်လည်မွမ်းမံရေးအဖွဲ့(The Secretariat Conservation Group)နှင့် ကျွမ်းကျင်သူများ၏ဦးဆောင်မှုဖြင့်အရှေ့တောင်အာရှတွင်အကြီးဆုံးသော ကိုလိုနီခေတ်အဆောက်အအုံအဖြစ် အံ့မခန်းရင်သပ်ရှုမောဖွယ်ရာနေရာတစ်ခုဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်းနှင့် ပြုပြင်မွမ်းမံမှုများကို ယခုနှစ်ကုန်တွင် ပြီးစီးရန်ခန့်မှန်းထားကြောင်း သိရသည်။

Source:Myawaddy

Local Read 51 times