KBZ Tower သည်အမှတ်(၂၇၅) ၊ ပြည်လမ်း ၊ စမ်းချောင်းမြို့နယ် ၊ရန်ကုန်တိုင်းတွင်ဆောက်လုပ်နေခြင်းဖြစ်သည်။
ယင်းပရောဂျက်ကို Naing Group မှဆောက်လုပ်၍၂၀၁၇နှစ်ကုန်ပိုင်းတွင်ပြီးစီးမည်ဟုခန့်မှန်းရပါသည်။
Naing Group Development မှပိုင်ဆိုင်၍ ၉၀ပေ x ၂၀၀ပေ ကျယ်ဝန်းသောမြေပေါ်တွင် KBZ Tower ကိုတည်ဆောက်မည်ဖြစ်ကြောင်းသိရပါသည်။
အထပ်ပေါင်း(၁၆)ထပ်ရှိမည် ဖြစ်ပြီးတစ်လွှာတွင်(၉)ခန်းပါဝင်မည်ဟုသိရပါသည်။
Ground Floor မှ 2nd Floor အထိ KBZ Bank ၊ 3rd Floor မှ 7th Floor အထိ office ၊ 8th Floor မှ 15th Floor အထိလူနေအိမ်များအသီးသီးထားရှိမည်ဟုသိရပါသည်။
Swimming Pool ၊ Gym ၊ ချွေးထုတ်ခန်း ၊ လူအယောက်(၅၀)ကြည့်ရှုနိင်သော Home Theater စသည့် Facilities များကို Top Floor တွင်ထားရှိမည်ဟုသိရပါသည်။
အခန်းများမှာစတုရန်းပေ၁၃၀၀ကျော်မှ၁၇၀၀ကျော်အထိကျယ်ဝန်းကြောင်းသိရပါသည်။
Basement (၃)ထပ်တွင်ကားပါကင်ကိုထားရှိမည်ဖြစ်ပြီးဓာတ်လှေခါး(၄)စီးပါဝင်မည်ဟုသိရပါသည်။
အခန်းဈေးနှုန်းမှာ၁စတုရန်းပေကို၃၃၀၀၀၀ ကျပ်မှ ၃၅၀၀၀၀ကျပ်အတွင်းရှိကြောင်းသိရှိရပါသည်။
ငွေပေးချေမှုစနစ်မှာပထမဦးဆုံးစာချုပ်ချူပ်ဆိုဆိုချင်း၈၀%ပေးချေရမည်ဖြစ်၍ကျန်ရှိသော၂၀%ကို၅လအရစ်ကျပေးချေရမည်ဖြစ်ကြောင်းသိရပါသည်။