Khayae Residence


26 October, 2020

Khayae Residence မန္တလေးမြို့ သိပ္ပံလမ်းနှင့် ခရေလမ်းထောင့် ချမ်းမြေသာစည် မြို့နယ်တွင် Pacific Asia Hi-Tech မှ တည်ဆောက်လျှက်ရှိသည့် Khayae Residence ဖြစ်ပါသည်။

ထိုစီမံကိန်းကို မန္တလေးမြို့အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Asia Bright Land ကုမ္ပဏီမှ developer အဖြစ် ဦးစီးတည်ဆောက်နေသည့် လူနေကွန်ဒို စီမံကိန်းဖြစ်ပါသည်။ ကိုယ်ပိုင်မြေပေါ်တွင်တည်ဆောက်ပြီး မြေကြီးအကျယ်မှာ ဝ.၂၃ ဧက ဖြစ်ပါသည်။

ဤကွန်ဒိုစီမံကိန်းမှာ မန္တလေးမြို့တွင် ပါလေ့ပါထမရှိသော ရေကူးကန်နှင့် အားကစားခန်းမတို့ကိုပါ ထည့်သွင်း ဆောက်လုပ်မည်ဖြစ်သည်။

Asia Bright Land ကုမ္ပဏီသည်  Pacific Asia High Tech Group အောက်မှ ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

အဆောက်အဦးဒီဇိုင်းကို စင်္ကာပူမှ ဗိသုကာဗပညာရှင်များ အင်ဂျင်နီယာများဖြင့် ရေးဆွဲထားပြီး ဆောက်လုပ်ရေးကို မန္တလေးကုမ္ပဏီတစ်ခုဖြစ်သည့် Asia Speed Construction မှ တာဝန်ယူ ဆောက်လုပ်ပေးလျှက်ရှိပါသည်။

ဗိသုကာဒီဇိုင်းကို Singapore SCP Consultants မှ ရေးဆွဲပေးပြီး M&E ဒီဇိုင်းကို  CPL Engineering Services နှင့် Global Hi-Tech က ရေးဆွဲပေးခဲ့ကြကြောင်းသိရသည်။ ငလျင်ဒဏ် Richter Scale ၇.၅ အထိခံနိုင်ရည် ရှိသည်ဟုဆိုသည်။

Company Country of Origin Role
Asia Bright Land Development Myanmar Developer, land owner
Asia Speed Construction Myanmar Construction
Singapore SCP Consultant Singapore Architect
CPL Engineering Services Singapore M&E
Global Hi-Tech Myanmar M&E
Visible Project Myanmar Marketing brochure

ထိုလူနေကွန်ဒိုမှာ ၁၂ ထပ်မြင့်ပြီး pent house ၂ ခန်းအပါအဝင် စုစုပေါင်းလူနေတိုက်ခန်း ၄၃ ခန်းရှိပါသည်။ အခန်းအကျယ်အဝန်းမှာ ၁,၁၅၈ စတုရန်းပေမှ ၃,၉၀၀ စတုရန်းပေ အထိရှိပြီး ဈေးနှုန်းကို တစ်စတုရန်းပေလျှင် ၁၃၅,၀၀၀ ကျပ် မှ ၁၇၀,၀၀၀ ကျပ် အထိ သတ်မှတ်ထားပါသည်။

မြေအောက် မြေညီနှင့် ပထမထပ်တွင် ကားပါကင်ပါဝင်ပါသည်။  အဆောင်အယောင်များအနေဖြင့် အပေါ်ဆုံး အားကစားခန်းမ၊ ဧည့်ခန်းမကျယ်နှင့် ထပ်တွင် ရေကူးကန်ပါဝင်ပါသည်။

ဆောက်လုပ်ရေးကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး လက်ရှိ ၂၀၁၆ ခုနှစ် ဇွန်လတွင် ၄ ထပ်အထိ ရောက်ရှိနေပြီဖြစ်ပါသည်။ အပြီးအစီးကို ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ပြီးမည်ဟု ခန့်မှန်းထားပါသည်။

Pricing and Sales Model

အရစ်ကျ ငွေပေးချေမှု နှစ်မျိုးရှိပါသည်။ တစ်ခုမှာ AYA Bank နှင့် ချိတ်ဆက်၍ လည်းကောင်း၊ developer နှင့် တိုက်ရိုက်သော်လည်းကောင်း ပေးချေနိုင်ပါသည်။

AYA Bank နှင့် ချိတ်ဆက်ပါက hire purchase ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ၃၀% ကို လက်ငင်းပေးချေကာ ကျန်သည့် ၇၀% ကို လ ၆၀ အရစ်ကျ ပေးချေရမည်ဖြစ်သည်။

ကုမ္ပဏီထံမှ တိုက်ရိုက်ဝယ်ယူပါက ၁၈ လ အရစ်ကျ ပေးချေရမည်ဖြစ်ပါသည်။ သို့သော်လည်း အကုန်လုံး လက်ငင်းငွေပေးချေပါက ၁၀% နှင့် ၁၅% လျော့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

Source: Pacific Asia Hi-Tech

Residential Read 106 times