မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ကျိုက်ထီးရိုးဒေသဖွံ့ဖြိုးရေးဇုန်တစ်ခုကို ၂ဝ၁၈နှစ်စပိုင်းတွင်ပြည်နယ်အစိုးရအဖွဲ့ ဦးစီးပြီးအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းဇုန်ကို ကျိုက်ထီးရိုးသာသနာ့နယ်မြေပိုမိုဖွံ့ဖြိုးရေးပြုလုပ်ခြင်းဖြစ်ပြီး ဇုန်အတွင်း စီးပွားရေးမဆန်သော အပန်းဖြေစခန်းများ၊ဟိုတယ်များ၊ယာဉ်ရပ်နားစခန်း၊ဆင်စခန်း၊မြင်းစခန်း၊တိရစ္ဆာန်ဥယျာဉ်စသည့် လုပ်ငန်းအမျိုးအစား ၂ဝထည့်သွင်းမည်ဟု သိရသည်။
ယင်းဇုန်အား ဇန်နဝါရီလခန့်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး အားလုံးပြည်နယ်အစိုးရမှ တာဝန်ယူမည်ဖြစ်ကြောင်း၊ကျိုက်ထီးရိုးဘုရားဖူးများ တစ်နှစ်ထက်တစ်နှစ် များပြားလာခြင်းကြောင်း
ယင်းဇုန်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ဘုရားဖူးများလာခြင်းကြောင့် ပြည်နယ်အစိုးရအနေနှင့် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း စားရေး၊သောက်ရေး၊နေထိုင်ရေး၊ရေမီး၊အမှိုက်အားလုံး လုပ်ပေးရမည်ဖြစ်ကြောင်း၊စီမံကိန်း၏
ကုန်ကျစရိတ်ပြောလို့မရသေးကြောင်း သိရသည်။
ဇုန်ပြုလုပ်မည့်နေရာတွင် ကျိုက်ထီးရိုးတောင်ခြေနှင့် နှစ်မိုင်ခွဲခန့်ဝေးပြီးအစိုးရပိုင်မြေ ဧက ၅ဝဝကျော်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကုန်ကျစရိတ်ကို ပြည်နယ်အစိုးရ၏ ၂ဝ၁၈-၂ဝ၁၉ဘတ်ဂျက်ဖြင့် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထီးရိုးစေတီကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ဖွင့်လှစ်ပြီး ကဆုန်လပြည့်နေ့တွင် ပိတ်ပွဲပြုလုပ်သည်။
ယခုနှစ် ဖွင့်ပွဲတွင် ဘုရားဖူးဧည့်သည် တစ်သိန်းခွဲကျော် လာရောက်ပြီး ၂ဝ၁၆ခုနှစ်ဖွင့်ပွဲနေ့တွင် တစ်သိန်းခန့်သာ လာရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်မည့် ဇုန်ပြီးစီးပါက ကျိုက်ထီးရိုးဘုရားဖူးကားများနှင့် တောင်တက်ကား များကို တောင်ခြေတွင် မရပ်နားစေတော့ဘဲ ဇုန်ထဲတွင်သာ ရပ်နားခွင့်ပြုမည်ဟု ဂေါပက တစ်ဦးထံမှ သိရသည်။
လတ်တလောတွင် ကျိုက်ထီးရိုးစေတီတော်နှင့် အနီးတစ်ဝိုက်တွင် ဆောင်နိုင်ကြီး ရေတံခွန်အပါအဝင် လည်ပတ်စရာနေရာအချို့ ပေါ်ထွက်လာပြီး ပြည်တွင်းခရီးသွားများ လည်ပတ်မှုများရှိနေကြောင်း သိရသည်။
Source:imyanmar House