ထပ်မံဖောက်လုပ်မည့် ကျိန်းတောင်စေတီ တောင်တက်လမ်းသစ်


09 December, 2020

ဘုရားဖူးများ အဆင်ပြေစေရန် မင်းပြားမြို့ရှိ သမိုင်းဝင် ကျိန်းတောင်စေတီ တောင်တက် လမ်းအသစ်တစ်ခုကို ဘုရားစောင်းတန်းထိန်းသိမ်းရေးအဖွဲ့က ဖောက်လုပ်နေပါသည်။

 

        လက်ရှိတွင် စေတီတော်ဖူးမြော်ရန် တက်ရသည့်လမ်းသည် ကျဉ်းမြောင်းသည့်အပြင် ယာဉ်များဖြင့် တက်ရောက်နေခြင်းကြောင့် ဘုရားပွဲတော်ရက်များတွင် ခြေကျင်တက်သူများ အခက်အခဲရှိသဖြင့် လမ်းသစ်တစ်ခု ဖောက်လုပ်ခြင်းဖြစ်ကြောင်း လမ်းဖြစ်မြောက်ရေး အဖွဲ့မှ ကိုအောင်လင်းထွန်းက ပြောသည်။


    
        ‘‘ပွဲတော်ရက်တွေမှာ လက်ရှိလမ်းက ကားတွေ၊ ဆိုင်ကယ်တွေ နဲ့ တက်နေကြတဲ့အတွက် ခြေကျင်တက်သူတွေအတွက် အဆင်မပြေဘူး။ အဲဒါကြောင့် လမ်းသစ်တစ်ခုကို ဖောက်လုပ်တာပါ’’ဟု ၎င်းက ဆိုသည်။

 

        လမ်းသစ်ဖောက်လုပ်ခြင်း ကို ဖေဖော်ဝါရီ ၂၁ ရက်က စတင်ကာ ဘုရားစောင်းတန်းအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့အကူအညီဖြင့် ဖောက်လုပ်နေပါသည်။

 

        သမိုင်းဝင် ကျိန်းတောင် ဘုရားပွဲကို နှစ်စဉ်သင်္ကြန်အပြီးတွင် ခုနစ်ရက်ခန့် ကျင်းပပါသည်။

Region Read 106 times