ကျန်စစ်မင်းအိမ်ရာကို အမှတ်(၈)ရက်ကွက် ၊ ကျန်စစ်သားလမ်းမကြီးဘေး ၊ လှိုင်သာယာမြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး တွင်ဖော်ဆောင်နေခြင်းဖြစ်သည်။
ယင်းအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ဆောက်လုပ်ရေးကုမ္မဏီများနှင့် ပူးပေါင်း၍အပိုင်း (၁)နှင့်အပိုင်း (၂) ဟူ၍ခွဲပြီး တည်ဆောက်နေခြင်းဖြစ်ပါသည်။
ယခုအချိန်တွင်ကျန်စစ်မင်း အိမ်ရာအပိုင်း (၁) ကိုဆောက်လုပ် ပြီး စီးနေပြီး အပိုင်း (၂) အိမ်ရာကို ပြီးခဲ့သော မေလအတွင်းမှ စတင်အကောင်အထည်ဖော်ခဲ့သည်ဟုသိရပါသည်။
အပိုင်း (၁)ဧ။် စီမံကိန်းမြေဧရိ ယာ အကျယ်အဝန်းမှာ ၇၂.၁၀၅ ဧကဖြစ်ပြီး စတုရန်းပေ ၁၀၀၀ ကျယ်ဝန်းသော အခန်း ပေါင်း ၅၃ ခန်းပါဝင်မည့်ခြောက်ခန်းတွဲသုံးထပ်တိုက်သုံးလုံး၊
စတုရန်းပေ ၆၅၀ကျယ်ဝန်းသော အခန်း ပေါင်း၅၄၀ခန်းပါဝင်မည့်လေးခန်းတွဲငါးထပ်တိုက်၂၇လုံး ၊ ပျမ်းမျှစတုရန်းပေ ၄၈၄ မှ ၅၂၂ ကျယ်ဝန်းသောအခန်းပေါင်း ၈၄၀ ပါဝင်သောရှစ်ခန်းတွဲတိုက်၂၁ လုံး ၊
စတုရန်းပေ ၄၆၈ ပေကျယ်ဝန်းသော အခန်းပေါင်း ၄၈၀ ပါဝင်သောခြောက်ခန်းတွဲ ငါးထပ်တိုက် ၁၆ လုံး၊ နှင့် စတု ရန်းပေ ၃၂၄ ပေကျယ်ဝန်းသော အခန်းပေါင်း ၁၂၆၀ ခန်းပါဝင်သော
၁၂ ခန်းတွဲ ငါးထပ်(RC)တိုက်၂၁ လုံး စုစုပေါင်း တိုက် ၈၈ လုံးနှင့်အခန်းပေါင်း ၃၁၇၄ ခန်းကိုတည် ဆောက်ထားပြီးကျန်ရှိတိုက်ခန်းအချို့ကိုဆက်လက်တည်ဆောက်နေသည်ဟုသိရပါသည်။
အပိုင်း ( ၁ )နှင့်တစ်ဆက်တည်းဖြစ်သော အပိုင်း (၂) မြေဧရိယာတွင် ဆောက်လုပ်ရေးကုမ္မဏီ ၁၈ခုမှတိုက်ခန်းပေါင်း ၇၀ ကို တည်ဆောက်လျက်ရှိသည်ဟု သိ ရပါသည်။
ကျန်စစ်မင်းအိမ်ရာအပိုင်း(၁)တွင် ဈေး၊ ဓမ္မာရုံ၊ စီမံခန့်ခွဲရေးရုံး၊ နေ့ကလေးထိန်း ကျောင်း၊ ရေစက်ရုံတို့ပါရှိပြီး အပိုင်း (၂) တွင် တစ်ဧကနီးပါးအကျယ ်ရှိသော
ဓာတ်အားခွဲစက်ရုံနဲ့ပန်းခြံတို့ပါရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။
ယခုတည်ဆောက်နေသော ကျန်စစ်မင်းအိမ်ရာတွင် အိမ်ရာလျှောက်ထားသူကိုယ်တိုင်နေထိုင် ခြင်းမရှိဘဲ စက်ရုံအလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများနှင့်ရွှေ့ပြောင်းနေထိုင်သူများကို
ပြန်လည်ငှားရမ်းလျှင်အိမ်ရာအဆောက်အအုံနှင့် ပတ်ဝန်းကျင် ဧရိယာများပျက်စီးနိုင်သောကြောင့် အမှန်တကယ်လိုအပ်သောပြည်သူများသာ နေထိုင်ရန်လိုအပ်မည် ဖြစ်ပါသည်။
လက်ရှိ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ် နေသည့် တန်ဖိုးနည်းအိမ်ရာများ အား လူလတ်တန်းစားများ ဝယ် ယူနိုင်မည့် ကျပ်သိန်း ၁၀ဝပတ် ဝန်းကျင်ဖြင့်
ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရပါသည်။