ကျန်စစ်မင်းအိမ်ရာစီမံကိန်းမှ တန်ဖိုးနည်းတိုက်ခန်းများရောင်းမည်


26 December, 2020

ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာ မြို့နယ်တွင်   ဆောက်လုပ်ရေးဝန်ကြီး ဌာန    မြို့ပြနှင့်   အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်ပြီးဖြစ်သော ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၁) နှင့် အပိုင်း(၂)တို့မှ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများမှာ ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်၍ အိမ်ရာနှင့် အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank)၌ အနည်းဆုံး စုဆောင်း ငွေ ကျပ်သိန်း ၃၀ စုဆောင်းထားရှိသူ တိုင်းကို ၁၅ နှစ်အရစ်ကျ ပေးချေစနစ် ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရောင်းချပေးမည့်    တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများနှင့် တိုက်ခန်း များမှာ   လှိုင်သာယာရှိ   ကျန်စစ်မင်း အိမ်ရာစီမံကိန်း  အပိုင်း(၁)နှင့် အပိုင်း(၂)တို့သည် လှိုင်သာယာမြို့နယ် တွင်ရှိသည်။

အပိုင်း(၁)မှာ အဆောက် အအုံ ၇၃ လုံးရှိပြီး
လေးခန်းတွဲ ငါးထပ် ၁၅ လုံးမှ အခန်း ၃၀၀၊
လေးခန်းတွဲ ငါးထပ်(လေးဘက်လှ)  ၁၃  လုံးမှ အခန်း ၂၆၀၊  
ရှစ်ခန်းတွဲ  ငါးထပ်  ၁၉ လုံးမှ အခန်း ၇၃၂ ခန်း၊
ခြောက်ခန်းတွဲ ငါးထပ် ၁၆ လုံးမှအခန်း ၄၈၀ ၊
၁၂ ခန်းတွဲ ငါးထပ် ၁၀  လုံးမှ အခန်း ၆၀၀ ဖြစ်သည်။

ကျန်စစ်မင်းအိမ်ရာ အပိုင်း(၂ )တွင်  
လေးခန်းတွဲ ငါးထပ် စတုရန်းပေ ၁၁၅၀ ရှိ ၁၃ လုံးမှ   ၂၀၈ ခန်း၊
စတုရန်းပေ ၈၀၀ ရှိ ၁၃ လုံးမှ   ၂၀၈ ခန်း၊
နှစ်ခန်းတွဲငါးထပ် စတုရန်းပေ ၁၁၅၀ ရှစ်လုံးမှ ၆၄ ခန်း၊
နှစ်ခန်းတွဲ ငါးထပ် စတုရန်းပေ ၁၁၇၅ ၁၂ လုံးမှ ၉၆ ခန်း၊
တစ်ခန်းတွဲ လေးထပ် စတုရန်းပေ ၁၅၀၀ ၂၂ လုံးမှ ၈၈ ခန်းဖြစ်သည်။

ရောင်းချမည့်ဈေးနှုန်းမှာ ကျန်စစ်မင်းအပိုင်း (၁)တွင်
ရှစ်ခန်းတွဲ  ငါးထပ် ၁၂ လုံးမှ အခန်း ၄၈၀ ကို
မြေညီထပ်၁၄၂ သိန်း၊
ပထမထပ် ၁၃၉ သိန်း၊ ၁၃၂သိန်းဈေးနှစ်စား၊
ဒုတိယထပ်ကို ၁၂၉ သိန်းနှင့် ၁၂၂ သိန်းဈေးနှစ်စား၊  
တတိယထပ်ကို ၁၁၉ သိန်းနှင့် ၁၁၂ သိန်းဈေးနှစ်စား၊
စတုတ္ထထပ်ကို ၁၀၉ သိန်းနှင့်  ၁၀၂  သိန်းဈေးနှစ်စားနှင့်
၎င်းတိုက်မှပင် စတုရန်း ပေ  ၁၁၀၀ အခန်းအား မြေညီထပ်(Shop House) အား သိန်း  ၄၃၀၊
ပထမထပ်  ၁၃၉  သိန်းနှင့်  ၁၃၂ သိန်း ဈေးနှစ်စား၊
ဒုတိယထပ်  ၁၂၉ သိန်းနှင့်  ၁၂၂ သိန်း၊  
တတိယထပ် ၁၁၉ သိန်းနှင့်   ၁၁၂ သိန်း၊
စတုတ္ထထပ်ကို ၁၀၉ သိန်းနှင့်  ၁၀၂ သိန်း ဈေးနှစ်စား၊

ခြောက်ခန်းတွဲ ငါးထပ်တိုက်  ၁၆ လုံးမှ အခန်း ၄၈၀ ကို
မြေညီထပ်  ၁၂၉  သိန်း၊
ပထမထပ်  ၁၁၉ သိန်း၊
ဒုတိယထပ် ၁၀၉ သိန်း၊  
တတိယထပ် ၉၉  သိန်း၊  
စတုတ္ထထပ် ၈၉  သိန်း၊

 ၁၂ ခန်းတွဲ ငါးထပ်တိုက်  ၁၀ လုံး အခန်းပေါင်း ၆၀၀ ကို
မြေညီထပ် ၁၀၆  သိန်း၊
ပထမထပ်  ၉၆ သိန်း၊  
ဒုတိယထပ်  ၈၆ သိန်း၊
တတိယထပ် ၇၆ သိန်း၊  
စတုတ္ထထပ် ၆၆  သိန်း ဖြစ်သည်။

ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၂)တန်ဖိုးသင့် အိမ်ရာများမှာ တစ်ခန်းချင်း စတုရန်းပေ  ၁၅၀၀ အထိရှိ၍   မြေညီထပ် ၉၅၃ သိန်း  အထိရှိပြီး၊ စတုတ္ထထပ်အနည်းဆုံး   ၄၅၁ သိန်း  အထိရှိသည် ဟု သိရသည်။

တန်ဖိုးနည်းအိမ်ရာများကို ချေးငွေ စုဆောင်းငွေများဖြင့် ဝယ်ယူလိုပါက  CHID Bank ဘဏ်တွင်   စုဆောင်းငွေစာရင်းဖွင့်၍    ဌာနနှင့် ဆက်သွယ်ဝယ်ယူနိုင်ပြီး တန်ဖိုးသင့်အိမ်ရာမှ အခန်းများ ဝယ်ယူသူများအနေဖြင့် ညွှန်ကြားရေးမှူးချုပ် လိပ်စာတပ်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်၌ လျှောက်ထားဝယ်ယူနိုင်ကြောင်း သိရသည်။  

mirror

 

 

 

Public Housing Read 662 times