မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာ ရေးအဖွဲ့က မီးစက်ဖြင့်ရေပေးဝေလျက်ရှိရာတွင် ဆောက်လုပ်ရေးကုမ္ပဏီများမှ ၎င်းတို့လုပ်ငန်း၌ စည်ပင်ရေသုံးစွဲသည်ကို စစ်ဆေးတွေ့ရှိပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောဆိုသည်။
ကွင်းဆင်းစစ်ဆေး
"အခုလိုနွေရာသီမီးပြတ်ချိန်မှာ မြို့ရေပေး ဝေရေးအဆင်ပြေအောင်လို့ မီးစက်ဝယ်ယူပြီး အများပြည်သူရေလုံလောက်စွာရရှိရေးအတွက် ရေပေးဝေရေးလုပ်ဆောင်နေတာပါ။ ကုမ္ပဏီ တွေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စည်ပင်ရေသုံးစွဲခွင့်မပြုပါဘူး။ ကွင်းဆင်းစစ်ဆေးလို့ စည်ပင်ရေသုံးစွဲတာတွေ့ရှိရင် အဲဒီ ကုမ္ပဏီကို Black List လုပ်သွားမယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဝယ်ယူအသုံးပြုရန်
လျှပ်စစ်မီးလုံလောက်စွာမရရှိသည့် နွေ ရာသီ၌ မြို့ရေပေးဝေရေးလုပ်ငန်းများ အခက် အခဲဖြစ်နေမှုကို ဖြေရှင်းနိုင်ပေးနိုင်ရန်၊ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် မြို့လူထုကို အချိန်ပြည့် ရေပေးဝေနိုင်ရေး အတွက် ဧပြီ ၂၅ ရက်က ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့လွှတ် တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ ပါဝင်သည့် အထူးအစည်းအဝေးတစ်ရပ်ပြုလုပ် ၍ မီးစက်သစ်ဝယ်ယူအသုံးပြုရန် သဘော တူညီခဲ့ကြကြောင်း သိရသည်။
စဉ်ဆက်မပြတ်
ယင်းသဘောတူဆုံးဖြတ်ချက်အရ လျှပ်စစ် မီးမကြာခဏပြတ်တောက်မှုများနှင့် ကြုံတွေ့ နေရသည့် နွေရာသီတွင် ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်နေ ပြည်သူများအား စဉ်ဆက်မပြတ် ရေပေးဝေ သွားနိုင်ရေးအတွက် ကျောက်ဆည်ဒေ သ ဖွံ့ဖြိုးရေးရန်ပုံငွေများမှ ငွေကျပ်သိန်း ၉၈၀ ကျော်ချေးယူ၍ အမေရိကန်နိုင်ငံထုတ် ၅၀ဝkvA မီးစက်ကြီးဝယ်ယူခဲ့သည်။