ကြံ့ခိုင်မှုမရှိသည့် အရေးပေါ်လှေကားများ ပြန်လည်ပြုပြင်ရန် မြေပိုင်ရှင်နှင့် အခန်းပိုင်ရှင်များကို စည်းရုံးလှုံ့ဆော်နေကြောင်း ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောပါသည်။
ရန်ကုန်မြို့တွင်း အထပ်မြင့် တိုက်များရှိ အရေးပေါ်လှေကား များသည် ကြံ့ခိုင်မှုနည်းပါးနေ သဖြင့် ပြည်လည်စိစစ်ဆောင် ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ မေးမြန်းခဲ့သည်။
‘‘ကျွန်တော်တို့ လိုက်စစ်လို့ တွေ့ရင်၊ လုံခြုံရေးအမရ မသင့် တော်ရင် ပြင်ဖို့ အကြောင်းကြား ပါတယ်။ အထူးသဖြင့် မြေရှင်နဲ့ အခန်းပိုင်ရှင်တွေကို လှုံ့ဆော်ပြီး ပြန်လည်ပြင်ဆင်စေဖို့ လူမှုရေး အရ၊ ဥပဒေအရလုပ်ဖို့ အစီအစဉ် တွေ ချမှတ်နေပါတယ်’’ဟု ဦးမောင်မောင်စိုးက ပြန်လည်ဖြေ ကြားသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသည် ၂၀၁၂ မတိုင်မီက အထပ်မြင့် တိုက်များ၏ အရေးပေါ်လှေကားကို သံဖြင့် ပြုလုပ်ခွင့်ပြုခဲ့သော်လည်း ဆွေးမြည့်ပျက်စီးမြန်သဖြင့်ကွန်ကရစ် လှေကားများဖြင့်သာ ဆောက်လုပ်ရန် ပြင်ဆင်သတ် မှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
သို့သော် သံလှေကားသာမက ကွန်ကရစ်လှေကားများ သည်လည်း ထိန်းသိမ်းမှုအားနည်းပါက ပျက်စီးလွယ်သဖြင့် အမြဲ စောင့်ကြည့်ပြုပြင်ရန် လိုအပ် ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်မြို့ရှိ အထပ်မြင့် တိုက်များ၏ အရေးပေါ်လှေကား များသည် အလွယ်ပြုလုပ်ထား ခြင်း များစွာရှိသောကြောင့် တာဝန်ရှိသူများက မကြာခဏ စိစစ်ရန် လိုအပ်သည်ဟု ဦးရန် ရှင်းက ပြောသည်။
‘‘လက်ရှိ ဖြစ်နေတာက မီး လောင်လို့ဆိုတာထက် အရေး ပေါ်လှေကားကဆင်းလို့ အန္တရာယ်ဖြစ်နိုင်ခြေတွေ ပိုများနေ တယ်’’ဟု ၎င်းက ပြောသည်။