၎င်းကွန်ဒိုသည်အင်းယားကန်အနီး ၊ မရမ်းကုန်းမြို့နယ် ၊ ကန်ရိပ်သာလမ်းမပေါ်တွင် ဆောက်လုပ် နေခြင်းဖြစ်သည်။
ယင်းပရောဂျက်ကို၂၀၁၇ခုနှစ်နိုဝင်ဘာလတွင်စတင်ခဲ့၍၂၀၁၉ဒီဇင်ဘာတွင်ပြီးဆုံးမည်ဟုခန့်မှန်းကြောင်းသိရပါသည်။
၎င်းကွန်ဒိုကိုပြည်တွင်းပြည်ပမှဒီဇိုင်းပညာရှင်များမှဒီဇိုင်းရေးဆွဲ၍မြန်မာ့အမွေဆောက်လုပ်ရေးမှဆောက်လုပ်သည်ဟုသိရပါသည်။
၀.၅ ဧကကျယ်ဝန်းသောဘိုးဘွားပိုင်မြေပေါ်တွင် Lake Avenue Residence Condo ကိုဆောက်လုပ်မည်ဟု သိရပါသည်။
Luxury ကွန်ဒိုအမျိုးအစားဖြစ်ကြောင်းသိရပါသည်။
အထပ်ပေါင်း(၈)ထပ်ပါ၀င်မည်ဖြစ်ပြီးတစ်လွှာလျှင်(၆)ခန်းမှ(၁၀)ခန်းအထိပါ၀င်မည်ဖြစ်ကြောင်းသိရပါသည်။
Penthouse လည်းပါ၀င်ကြောင်းသိရပါသည်။
၁၅ယောက်စီး Mitsubishi ဓာတ်လှေခါး(၂)စီးပါ၀င်ကြောင်းသိရပါသည်။
တစ်ခန်းလျှင်တစ်စီးနှုန်းရပ်နားနိင်သောကားပါကင်ကို Basement နှင့်မြေညီထပ်တွင်ထားရှိမည်ဟုသိရပါသည်။
Swimming Pool ၊ Gym ၊ Landscaping ၊ Finger Print Door Lock စသည့် Facilities များပါ၀င်မည်ဟုသိရပါသည်။
အခန်းစျေးနှုန်းနှင့် ငွေပေးချေမှုစနစ်
အခန်းစျေးနှုန်းမှာ၁စတုရန်းပေလျှင်ကျပ်၂သိန်းခွဲမှ၃သိန်းကြားဖြစ်ကြောင်းသိရပါသည်။
ငွေပေးချေမှုမှာ ၁၀ ရာခိုင်နှုန်းကို စာချုပ်ချုပ်သည့်အချိန်တွင် ပေးချေရမည်ဖြစ်သည်။
နောက်ထပ် ၄၀ ရာခိုင်နှုန်းကို စာချုပ်ချုပ်ပြီး ၂၄လ အတွင်း အရစ်ကျပေးချေရမည်ဖြစ်သည်။
ကျန် ၅၀ ရာခိုင်နှုန်းကို အခန်းအပ်ပြီးပါက ၅ နှစ်(သို့မဟုတ်) ၁၀ နှစ်အတွငး် Bank Loan ရယူပြီးငွေပေးချေသောစနစ်ဖြင့် မိမိကြိုက်နှစ်သက်ရာဘဏ်နှင့် ချိတ်ဆက်ပေးချေရမည် ဖြစ်ကြောင်း သိရသည်။