ရန်ကုန်မြို့၏အမှတ်သင်္ကေတအဖြစ် ပေါ်ထွန်းလာမည့်လမ်းသစ်ရိပ်သာ အိမ်ရာစီမံကိန်း


06 December, 2020

လမ်းသစ်ရိပ်သာ အိမ် ရာစီမံကိန်းသည် မြို့ပြ၏ အထင် ကရနေရာကြီးတစ်ခုဖြစ်၍ အ ဆောက်အအုံများသည် ရန်ကုန် မြို့၏ အမှတ်သင်္ကေတများအ ဖြစ် ပေါ်ထွန်းလာမည်ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် မှ  ပြောသည်။

        အဆိုပါ စီမံကိန်းသည် လမ်း မတော်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့်အနော်ရထာ လမ်းထောင့်တွင် တည်ရှိပြီး မြေဧက ၄ ဒသမ ၇ ဧက ကျယ်ဝန်းသည်။

        ဆောက်လုပ်ရေးဝန်ကြီး ဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် စေပိုင်ဖွံ့ဖြိုးတိုးတက် မှုကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် လမ်း သစ်အိမ်ရာစီမံကိန်း ပိုင်စိုက်ထူ ခြင်း အခမ်းအနား၌ ဝန်ကြီးချုပ်က ပြောကြားခြင်းဖြစ်သည်။

‘‘လမ်းမတော်မြို့နယ်အ တွင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ဌာနဆိုင်ရာအသီးသီး၊ တိုင်းဒေသကြီးက တာဝန်ရှိတဲ့သူ တွေ၊ ပြည်ထောင်စုက တာဝန်ရှိ တဲ့သူတွေ အဆင့်ဆင့်နဲ့ ကူညီကြိုး ပမ်းဆောင်ရွက်ပေးမှုကြောင့် ဒီအစီအစဉ် အထမြောက်အောင် မြင်လာခြင်းပဲဖြစ်ပါတယ်’’

ဟု ဝန်ကြီးချုပ်ကပြောကြားသည်။

        လမ်းသစ်ရိပ်သာ အိမ်ရာစီမံ ကိန်းတွင် လူနေအိမ်များ၊ ရုံးခန်းများ၊ အစီးရေ ၈၀၀ ဆံ့ ကားပါကင်ပါဝင်သော ၂၅ ထပ်အမြင့်ရှိသည့် အထပ်မြင့်တိုက်နှစ်လုံး၊ ခြောက် ထပ်အမြင့်ရှိ Shop House ၂၈ လုံးပါဝင်သည်ဟု တိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

        ယခုကဲ့သို့ အဆင့်မြင့်အိမ် ရာများ တည်ဆောက်သလို တစ် ဖက်တွင်လည်း တန်ဖိုးနည်းအိမ် ရာများ တည်ဆောက်ပြီး ရွှေ့ ပြောင်းလုပ်သား၊ အရာရှိမဟုတ် သည့် အစိုးရဝန်ထမ်းနှင့် ပုဂ္ဂလိ က ဝန်ထမ်းများအတွက် အိမ်ရာ စီမံကိန်းများ တည်ဆောက်ရန် ကြိုးစားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က  ဆိုသည်။

        ထိုစီမံကိန်းရှိ အဆောက်အ အုံဟောင်းများသည် ဖဆပလ အစိုးရလက်ထက်တွင် ပြည်တော် သာ စီမံကိန်းအရ တည်ဆောက်ခဲ့ သည့် နိုင်ငံပိုင်အိမ်ရာစီမံကိန်း တစ်ခုဖြစ်သည်။

        ထို့ကြောင့် အသစ်ပြန်လည် တည်ဆောက်ရန် ၂၀၁၃ နှင့် ၂၀၁၄ တွင် နေထိုင်သူများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ခြောက်ကြိမ်ခန့် တွေ့ဆုံဆွေးနွေး သော်လည်း အဆင်မပြေခဲ့ပေ။ယခု အစိုးရလက်ထက်အတွင်း ရန်ကုန်မြို့တော်ရှိသက်တမ်းရင့် ဝန်ထမ်းအိမ်ရာ ၁၁ ခုကို ခေတ်နှင့်အညီ အသစ်ပြန်လည် တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

Local Read 92 times