ယာမြေမှ လူနေအိမ် အဖြစ်သို့ ပြောင်းလဲ၍ရနိုင်


17 November, 2020

လယ်ယာမြေများအား ခွင့်ပြုထားသော ပုံစံမျိုးမဟုတ်ဘဲ လက်တစ်လုံးခြားအသုံးပြုပြီး လူနေထိုင်မှုများ၊လုပ်ငန်းလုပ်ကိုင်နေခြင်းများရှိနေပြီး ပုံစံများလွဲနေသည်ကို စိစစ်သင့်သည်ဟု အကျိုးဆောင်ရှေ့နေ အချို့မှ ပြောကြားသည်။

ဘယ်လိုလယ်မြေ၊ယာမြေများကိုမှ လူနေခွင့် အိမ်ဆောက်ခွင့် မပြုထားပါဘူး၊ဥပဒေတွင် အတိအကျပြဌာန်းထားသော်လည်း ပြုလုပ်နေကြသည်များ ရှိနေသည်။လယ်မြေများကို အခြားနည်းခွင့်ပြုထားသည်မှာ လယ်မစိုက်ဘဲ အခြားသီးနှံစိုက်ပျိုး ထားသည်ကို ခွင့်ပြုထားတာမျိုးဖြစ်သည်ဟု သိရသည်။

ယာမြေကို အိမ်ဆောက်ချင်သည်ဆို လူနေမြေအဖြစ်ပြောင်းလဲရန် လိုပြီး လုပ်နည်းများလည်း ရှိသည်။တချို့မှာ လယ်မလုပ်ဘဲ လိုအပ်ချက်အရ ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ကြသည်များ လည်း ရှိသည်။တချို့မှာ ပုံစံ(၁ဝ၅)၊ပုံစံ(၁ဝ၇)များလယ်မြေများမျာ လူနေ၍မရပေ။

အပြင်မှာ တချို့ကလူနေရန်နှင့် အိမ်ဆောက်ခွင့်ရရန်အတွက် လယ်ယာမြေများကိုလျှောက်ထားသော ပုံစံများမှာ အမျိုးမျိုး ရှိသည်ဟု သိရသည်။

ဥပဒေပိုင်းအရ လျှောက်ထားမည်ဆို မြို့နယ်မြေစာရင်း ဦးစီးဌာနတွင် ပုံစံ (၁၄)လျှောက်ထားရမည်ဖြစ်သည်။

မြေစာရင်းဖြစ်သည့် ပုံစံ(၁ဝ၅)အား တောင်းယူရမည်ဖြစ်သည်။ပုံစံ(၁ဝ၅)ကိုလျှောက်ထားသည့်အခါတွင် တခြားနည်းလမ်းအသုံးပြုခွင့်လျှောက်ထားရန်အတွက် ဖြစ်ကြောင်း ပါဝင်ရမည်။

ခွင့်ပြုသော အများစုပုံစံမှာ အိမ်ရာဆောက်ခြင်း၊ဆီဆိုင်ဖွင့်ခြင်း များ များပြားသည်။သတ်မှတ်ချက်နှင့် ကိုက်ညီမှ ခွင့်ပြုသည်ကများသည်။စျေးကွက်ထဲရောင်းနေသော

လယ်မြေများသည် လူနေ၍မရတာသေချာသည်။ကျေးရွာတိုးချဲ့လျှောက်ထားသည်က ကျပြီးသားဖြစ်သည့်အတွက် စိတ်ချရသည်။

အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့်အခါ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူလိုသည်။အကြောင်းပြချက် ခိုင်မာရန်လိုအပ်သည်။ရပ်/ကျေးအုပ်ချုပ်ရေးမှူးမြို့နယ် မြေစာရင်းဦးစီးဌာနတို့၏ ထောက်ခံချက် များလိုအပ်သည်ဟုသိရသည်။

တိုင်းဒေသကြီးအထိတင်ရတာဖြစ်ပြီး တိုင်းဒေသကြီး အစိုးရမှ ခွင့်ပြုချက်နှင့်မြို့နယ်မြေစာရင်းဌာနမှ ခွင့်ပြုချက်ရ မည်ဖြစ်သည်။

လယ်မြေများမှာ ဗဟိုလယ်မြေစီမံခန့်ခွဲမှုကိုပါတင်ပြရသည်။၂ဝ၁၂ခုနှစ်လယ်ယာမြေဥပဒေ၊အပိုဒ် ၃ဝ(က)ပါ ပါဝင်သည်ဟုဆိုထားသည်။

ယာမြေတွင် အိမ်ဆောက်ခွင့်တင်၍ရသည်ဖြစ်ပြီး လယ်မြေကို ခွင့်ပြုတာမျိုးမရှိကြောင်း သိရသည်။

Region Laws and Regulations Read 271 times