ကျူးကျော်များနှင့် ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဆိုပါက အစိုးရကမြေအခမဲ့ပေးမည်


20 August, 2019

ရန်ကုန်မြို့ စက်မှုဇုန် များအနီးတွင်ရှိသော ကျူးကျော်များနှင့်အစိုးရဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာဆောက်ပေးမည်ဆိုပါက အစိုးရက မြေအခမဲ့ပေးမည်ဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့တော်ခန်းမတွင်ပြုသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာတွင် ကျူးကျော်များအတွက်အိမ်ရာနှင့် ဝန်ထမ်းများအတွက်ဆိုပြီး အိမ်ရာနှစ်မျိုးခွဲထားမှာဖြစ်ကြောင်း၊အခန်းခ၊ငှားရမ်းခက ဈေးကြီးသဖြင့် ဝန်ထမ်းအိမ်ရာအတွက် မဆောက်၍မရကြောင်း၊ကျူးကျော်များအတွက် သပ်သပ်ဆောက်မှာဖြစ်ကြောင်း၊အဓိကမှာမြေဈေးကြီးသည့်အတွက်တိုက်ခန်းခ မြင့်ခြင်း ဖြစ်ကြောင်း၊ရန်ကုန်တိုင်းအစိုးအနေနှင့် မြေကို သုံညရာခိုင်နှုန်းထားပေးမှာဖြစ်ကြောင်း မြို့တော်ဝန်ကပြောထားသည်။

မြေဧက ၃ ဧက နှင့် ၃ ဧကနှင့်အထက် မြေယာများ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လက်အောက်တွင်ရှိနေရာ တန်ဖိုးနည်းအိမ်ရာများကို အဆိုပါမြေများပေါ်တွင်ဆောက်လုပ်မည်ဆိုပါက မြေဖိုးကုန်ကျမှုမရှိကြောင်း သိရသည်။

ရန်ကုန်တွင်ကျူးကျော် အဆောက်အအုံပေါင်း ၁သိန်းခွဲရှိပြီး ၎င်းတို့အတွက်တန်ဖိုးအနည်းဆုံးနှင့် ပြန်လည် နေရာချထားပေးရန် ဒဂုံမြို့သစ် လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာ စသည့် မြို့နယ် ၆ မြို့နယ်တွင် ပြည်သူလူထူအခြေပြုအနေနှင့် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ဝန်ထမ်းများ၊အလုပ်သမားများအတွက် သက်ဆိုင်ရာ စက်မှုဇုံတွေနှင့်အနီးဆုံးမှာရှိသည့် မြေများပေါ်တွင်ရင်းနှီးမြှုုပ်နှံပြီးဆောက်လုပ်ပေးမည့် ကုမ္ပဏီများကို EOI ခေါ်ပြီး ဆောက်လုပ်ဖို့စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးက ပြောထားသည်။

တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို အကျယ် ၁၅ ပေ၊ အလျား ၃၅ ပေ ရှိသော ပဏာမဒီဇိုင်းများဆွဲထားပြီးဖြစ်ကြောင်းလည်း သိရသည်။

Local Read 38 times