တောင်ကိုရီးယားကုမ္ပဏီများ မြန်မာ့မြေပေါ်မှ ပြောင်းရွှေ့မည်ဆိုသည့် သတင်းထွက်ပေါ်ပြီးနောက် ပဲခူးမြို့ ပြည်ပစက်မှုဇုန်နယ်မြေတွင် စက်ရုံတည် ဆောက်ရန် မြေငှားစာချုပ်ကို Tae Kaung Myanmar Development Co.Ltd နှင့် တိုင်းအစိုးရတို့ နိုဝင်ဘာ ၁၅ ရက်က လက် မှတ်ရေးထိုးခဲ့သည်။
တောင်ကိုရီးယား အခြေစိုက် Tae Kaung Myanmar Development Co.Ltd က ပဲခူး တိုင်းရှိ မြေဧက ၂၀၀ ကျော်တွင် စက်မှုဇုန်စီမံကိန်းကို ရင်းနှီးမြှုပ် နှံရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောသည်။
လက်ရှိ တောင်ကိုရီးယား နိုင်ငံမှ ကုမ္ပဏီများသည် မြန်မာ နိုင်ငံတွင် စက်မှုဇုန်စီမံကိန်းများ ၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။ မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူး ပေါင်းပြီး စက်မှုဇုန်စီမံကိန်း နှစ်ခုကို ရန်ကုန်နှင့် ပဲခူးတိုင်းတွင် အ ကောင်အထည်ဖော်မည် ဖြစ် သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံထားသည့် နိုင်ငံခြားကုမ္ပဏီ စုစု ပေါင်းတွင် တောင်ကိုရီးယားနိုင်ငံ က အဆင့်(၆)၌ ရှိနေသည်။ ကုမ္ပဏီ ၁၇၀ ကျော်နှင့် ကန်ဒေါ်လာ လေးဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။