ရင်းနှီးမြှုပ်နှံမည့် သူများအတွက် မြေအသုံးချခွင့်


03 December, 2020


စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ မြေအသုံးချခွင့်နဲ့ပက်သက်ပြီး သိသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း(၁၃)မြေ အသုံးပြုခွင့်မှာ ကော်မရှင်သည် နိုင်ငံတော်ထံမှ မြေငှားရမ်းလုပ်ကိုင်ခွင့်ရရှိသော ရင်းနှီးမြှုပ်နှံသူအား မြေအသုံးပြုခွင့်ကာလကို


စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း သို့မဟုတ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏအပေါ်မူတည်၍ ကနဦးနှစ်(၅၀)အထိ ခွင့်ပြုနိုင်သည်။

ကော်မရှင်သည် ပုဒ်မ(၂၄)အရ ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်လုပ်ကိုင်လိုသော ရင်းနှီးမြှုပ်နှံသူအား ရင်းနှီးမြှုပ်နှံမှုပမာဏနှင့်

လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ တစ်ဆက်တည်း သက်တမ်းတိုးခွင့် (၁ဝ)နှစ် (၂)ကြိမ်တိုးမြှင့်ပေးနိုင်သည်။

ကော်မရှင်သည် နယ်စပ်မျဉ်းမှ(၁ဝ)မိုင်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဒေသခံတိုင်းရင်းသားများကို အထူးအစီအစဉ်ဖြင့် ဦးစားပေးလုပ်ကိုင်ခွင့် သတ်မှတ်ပေးရမည်။

ကော်မရှင်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းပိုင် မြေငှားရမ်းခနှုန်းထားများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်သဘောတူညီချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်ပေးနိုင်သည်။

ကော်မရှင်သည် နိုင်ငံတော်တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ စီးပွားရေးဖွံ့ဖြိုးမှုနည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်နှံသူများအတွက်

ဤဥပဒေပါ မြေငှားရမ်းခွင့်ကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလထက် ပိုမို၍ ခံစားခွင့်ရရှိစေရန်သတ်မှတ်နိုင်သည်ဟု ဖော်ပြထားသည်။

Laws and Regulations Read 72 times