Landmark Development


26 October, 2020

Landmark Development စီမံကိန်း သည် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးဘေး ရန်ကုန်မြို့လယ်ရှိ မြေဧက ၁၀ ဧကပေါ်တွင် တည်ဆောက်မည့် ဒေါ်လာသန်း ၆၆၀ တန် စီမံကိန်းဖြစ်သည်။

ပါဝင်သည့်အဆောက်အဦးများ

ဒီဇိုင်းအသစ်ကို သီရိလင်္ကာ-ဗြိတိသျှမှ ဒီဇိုင်နာ Cecil Balmond OBE မှ ဗိသုကာဒီဇိုင်းကို ရေးဆွဲပြီး မြန်မာနိုင်ငံတွင် ပထမဆုံး Peninsula တံဆိပ်တိုက်ခန်းများပါဝင်မည်ဖြစ်သည့်အပြင် Office Tower နှစ်ခု၊ Business Hotel၊ Serviced apartments နှင့် Retail  တို့ကို ပါ ထည့်သွင်းဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းတွင် Peninsula Hotel Yangon အဖြစ် မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦးကို မွမ်းမံ ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒီဇိုင်းအသစ် ပြန်လည်ရေးဆွဲရာတွင် စီမံကိန်းစုစုပေါင်း ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၂.၁၂ သန်း ခန့်မှန်းခြေမှ စတုရန်းပေ ၂.၄၄ သန်းသို့ ပြောင်းလဲသွားကြောင်းသိရသည်။

စီမံကိန်းတွင် ဆောက်လုပ်ရေးခ၊ အကြံပေးငှားခ၊ မြေငှားခ၊ စသည်ဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာသန်း ၆၆၀ လောက် သုံးမည်ဟု ဆိုသည်။

Landmark Development စီမံကိန်းများအားလုံးကို ၂၀၂၀ ခုနှစ်တွင် တိုက်ခန်းများအားလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလတွင် တိုက်ခန်းများစတင် ရောင်းချ မည်ဖြစ်ကြောင်း သိရပါသည်။

ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု

Landmark Development စီမံကိန်းတွင် FMI, Yoma Strategic Holdings Ltd and The Hongkong and Shanghai Hotels, Limited, Mitsubishi Corporation, Mitsubishi Estate, the International Finance Corporation (IFC) and the Asian Development Bank (ADB) တို့ ပူးပေါင်းပါဝင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရှိကြောင်း သိရသည်။

စီမံကိန်းတွင် ပါဝင်ကြသည့် ရင်းနှီးမြှုပ်နှံမှုမှာ FMI မှ ၁၂%, Yoma Strategic မှ ၄၈%, Mitsubishi မှ ၃၀%, International Finance Corporation (IFC) မှ ၅% နှင့် Asian Development Bank (ADB) မှ ၅% တို့ ပါဝင်ကြောင်း သိရပါသည်။

ထို Landmark Development တွင် ပါဝင်သည့် Peninsula Yangon ဟိုတယ်ကို FMI မှ ၆%, Yoma Strategic မှ ၂၄% နှင့် Hongkong and Shanghai Hotels မှ ၇၀% တို့ ပါဝင်မည်ဖြစ်ကြောင်းသိရပါသည်။

စီမံကိန်းအတွက် မြေနှစ်ကွက်ကို မြန်မာ့မီးရထားမှတစ်ဆင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သီးခြားအငှားစာချုပ်သစ်နှစ်ခုကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြေငှားရမ်းစာချုပ်သက်တမ်းမှာ နှစ် ၅၀ ဖြစ်ကြောင်း သိရပါသည်။

ထိုစီမံကိန်း၏ကုန်ကျစရိတ်တွင် ချေးငွေအမေရိကန်ဒေါ်လာ ၁၃၅ သန်းနီးပါးပါဝင်ပြီး ရှယ်ယာရှင်များကအမေရိကန်ဒေါ်လာ ၃၄၉ သန်းမှသန်း ၄၀၀ နီးပါးခန့် ပါဝင်ထားကြောင်းသိရသည်။ ရိုးမကုမ္ပဏီမှငွေသားအနေဖြင့် အမေရိကန်ဒေါ်လာ ၉၂ သန်း မှ ၁၁၇ သန်းခန့် ပါဝင်မည် ဖြစ်သည်။

ရိုးမမှ အမေရိကန်ဒေါ်လာ ၃၈သန်းခန့်ကို The Peninsula Yangon သို့ ထည့်ဝင် မည်ဖြစ်သည်။

ရိုးမမှစီမံကိန်းတစ်ခုလုံးအတွက် နောက်၁၂လမှ၁၈လအတွင်းအမေရိကန်ဒေါ်လာ ၁၁ သန်းမှ ၁၅ သန်းခန့် မျှသာထည့်ဝင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဘယ်ကြောင့်ဆိုသောထိုကုမ္ပဏီမှမြေ ၁၀ ဧကကို သူ့၏ ၈၀ ရာခိုင်နှုန်းပိုင်လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Meeyahta International Hotel ၈၀ ရာခိုင်နှုန်းကိုလည်းရင်းနှီးမြုပ်နှံထားပြီး ဆောက်လုပ်ရေးခ၊ အကြံပေးငှားခ၊ မြေငှားခများအနေဖြင့် အမေရိကန်ဒေါ်လာ ၂၄ သန်းခန့်ကိုလည်းသုံးစွဲထားပြီးဖြစ်ကြောင်းသိရသည်။ ရိုးမမှ ငွေသားထည့်ဝင်ရာတွင် ချေးငွေအနေဖြင့်လည်းကောင်း၊ပိုင်ဆိုင်မှုများနှင့်အခြားပစ္စည်းများ ရောင်းချခြင်းဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

Mixed Use and Urban Read 67 times