လားရှိုးပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်စီမံကိန်း အဆောက်အအုံသစ်လွှဲပြောင်း


27 October, 2020

ထိုဆေးရုံကြီးကို ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ကစတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။

အဆောက်အုံမှာ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ဆောက်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် ၈၅၂၉ သန်းကျော်ကုန်ကျခဲ့ကြောင်းသိရသည်။

လားရှိုးမြို့ရှိ လားရှိုးပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် JICA ဂျပန်စုပေါင်း အေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

ထိုစီမံကိန်း၏ ပထမအဆင့် အရ ဆောက်လုပ်ပြီးစီးပြီဖြစ်သော အထူးကုပြင်ပလူနာဌာနနှင့် ပြင်ပလူနာဌာန၊ ဓာတ်ခွဲဌာန၊ သွေးလှူဘဏ်တို့ပါဝင်သည့် အဆောက်အဦးသစ်ကြီးနှင့် ဆေးရုံသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။]

လားရှိုးပြည်သူ့ဆေးရုံသည် ယခင်ကသာမာန်စစ်ဆေးရုံတစ်ခုဖြစ်ခဲ့ပြိး ၁၉၄၆ ခုနှစ်တွင် ပြည်သူ့ဆေးရုံအဖြစ်တိုးတက်လာခဲ့ရာ ယခုကုတင်(၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး အဖြစ်ဖွဲ့စည်းခဲပြီး သင်ကြားရေးဆေးရုံအဖြစ်လဲ အောင်မြင်စွာဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းသိရသည်။

Source:Myanmar alin

Hospitality Read 104 times