တိုက်ခန်းပေါင်း ၄၀၀၀ပါဝင်သည့် အိမ်ရာစီမံကိန်းအား စတင်အကောင်အထည်ဖော်


02 November, 2020

 

လှည်းကူးမြို့နယ်အမြန်လမ်းဘေးရှိကျူးကျော်နေအိမ်များဖျက်ထားသောနေရာတွင်တိုက်ခန်းပေါင်း၄၀၀၀ပါဝင်သည့်အိမ်ရာစီမံကိန်းကို စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်-နေပြည်တော်အမြန်လမ်းမိုင်တိုင်အမှတ်သုံးမိုင်လေးဖာလုံနှင့်ငါးမိုင်ကြားရှိမြေဧက၁၅၀၀ခန့်တွင်နိုင်ငံ တကာအဆင့်မီစာသင်ကျောင်းများ၊အိမ်ရာစီမံကိန်းများ၊အပန်းဖြေစခန်းများ၊ဆေးရုံများ၊ဂေါက်ကွင်းများပါဝင် သည့်စီမံကိန်းများကိုပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့်အစိုးရတို့ပူးပေါင်းပြုလုပ်မည်ဖြစ်ပြီးအိမ်ရာစီမံကိန်းကိုဦးဆုံး အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်ကျူးကျော်နေအိမ်များဖျက်ပြီးကြောင်း၊မြေသားရှင်းလင်းမှု၊စမ်းသပ်မှုများပြုလုပ်နေကြောင်း၊ ကျူးကျော်များထပ်မလုပ်ရန်ခြံစည်းရိုးခတ်မည်ဖြစ်ကြောင်း၊အိမ်ရာစီမံကိန်းအားလာမည့်သြဂုတ်လတွင် စတင်မည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှပြည်သူများနှင့်ရန်ကုန်တိုင်းဒေသကြီးသို့လာရောက်သည့်ပြည်သူများ အပန်းဖြေအနားယူနိုင်မည့်အဆင့်မြင့်အပန်းဖြေစခန်းများတည်ဆောက်မှုကိုဒုတိယဦးစားပေးအစီအစဉ်အဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းနေရာတွင်စီမံကိန်းလုပ်ဆောင်ရန်အတွက်ပြီးခဲ့သော၂၀၁၆ခုနှစ်ကတည်းကစတင်လုပ်ဆောင်ခဲ့သော် လည်းကျူးကျော်နေအိမ်များဝင်ရောက်ဆောက်လုပ်နေထိုင်သောကြောင့်စီမံကိန်းပြုလုပ်ရန်အတွက်ကြန့်ကြာခဲ့ ခြင်းဖြစ်ပြီးကျူးကျော်နေအိမ်၄၀၀၀ကျော်ကိုဇွန်လ၁၂ရက်တွင်လူအင်အားများစွာဖြင့်စတင်ဖယ်ရှားခဲ့ရကြောင်းသိရသည်။

ပြည်မြန်မာ

Local Public Housing Read 72 times