အငြိမ်းစားယူမည့်သူ ၁၀၀၀ အတွက်အိမ်ရာ စီမံကိန်းတစ်ခုစတင်


04 November, 2020

လာမည့်သုံးနှစ်တာကာလအတွင်း အငြိမ်းစားယူမည့်ဝန်ထမ်းဦးရေ ၁၀၀၀၀ အတွက်ရည်ရွယ်၍ အိမ်ရာစီမံကိန်း တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်ရန် အတွက် ပန္နက်တင် အခမ်းအနား တစ်ခုကို သြဂုတ်လ ၂၇ ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော အများပိုင် ကုမ္မဏီ တစ်ခု ဖြစ်သည့် Yangon Metropolitan Development Public ကုမ္မဏီက တည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ရာစီမံကိန်း ကာလတွင် သုံးနှစ်ဖြစ်ကြောင်း သိရသည်။

စာရင်းကောက်ယူရာတွင် သုံးနှစ်အတွင်း ပင်စင်ယူပြီးလျှင် ရန်ကုန်တွင် လာရောက်နေထိုင်လိုသည်ဟူသော အရေအတွက် လူဦးတစ်သောင်းခန့်ရှိပြီး ယင်းတို့အတွက် ရည်ရွယ်ကာ တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း၊ တည်ဆောက်မှုသည် ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် လာရောက်နေထိုင် သည့်အခါ စားဝတ်နေရေး အတွက် ဈေးနှင့် ကျောင်းရှိရမည်။

အလုပ်အကိုင် လုပ်ကိုင်နေမှု အခွင့်အလမ်းများ ရှိစေရမည် ဟူသော အခြေအနေများ ဖန်တီးထားပြီး အငြိမ်းစားယူပြီးသည့်အခါ အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တက်ရောက်လာသည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြောကြားသည်။

ဧရိယာအလိုက် ၃၀၀ စတုန်ရန်းပေ မှ ၆၀၀ စတုရန်းပေ၊ ၉၀၀ စတုရန်းပေ၊ ၁၂၀၀ စတုရန်းပေ အသေးအကြီး ဆိုက်စုံ ဆောက်သွားမည် ဖြစ်ပါသည်။

တစ်စတုရန်းပေပေါ်တွင် သူ၏ တန်ဖိုးသည် ကျပ်နှစ်သောင်းငါးထောင်ထက် မကျော်ဘဲနှစ်သောင်းသုံးထောင်၊ နှစ်သောင်းငါးထောင်လောက်နှင့် ရောင်းနိုင်ရန် ကြိုးစားပြီးဆောင်ရွက် နေကြောင်း Yangon Metropolitan Development Public ကုမ္မဏီမှ ဒုဥက္ကဌပြောကြားချက်အရသိရသည်။

ယင်းအိမ်ရာစီမံကိန်းကို ၁၈၃ ဒသမ ၅၃ ဧကမြေပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ခန်းပေါင်း ၄၀၀၀ ခန့်ပါဝင်မည့် ရှစ်ခန်းတွဲခြောက်ထပ်၊ လေးခန်းတွဲခြောက်ထပ်၊ ၁၂ ခန်းတွဲ ခြောက်ထပ်စသည်ဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန်လျာထားကာ ဈေးဆိုင်များနှင့် ရုံးခန်းများလည်း ပါဝင်မည်ဖြစ်ကာ ယင်းအိမ်ရာကို ဝယ်ယူခွင့်ရသည့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် အိမ်ရာ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို လက်ငင်းပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေကို ဘဏ်ချေးငွေဖြင့် ၁၅ နှစ်တာ အရစ်ကျ ပေးသွင်းခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

Pyimyanmar journal,kyeemon newspaper

Public Housing Local Read 67 times