တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်းကမ်းခြေ၊ စမ်းလှမ်းရွာအနီးရှိ ကမ်းခြေတစ်ခုနှင့် ပညစ်ကျွန်းတို့တွင် အပန်းဖြေစခန်း တည်ဆောက်မည်ဖြစ်သောကြောင့် မြေနေရာလေ ျှာက်ထားမှုအပေါ် ကန့်ကွက်နိုင်ကြောင်း လောင်းလုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှ ဒီဇင်ဘာလ ၃၁ ရက်တွင် သိရသည်။
အပန်းဖြေစခန်းများ တည်ဆောက်ရန် မြေလွတ်မြေလပ်နှင့် မြေရိုင်း အသုံးပြုခွင့် လေ ျှာက်ထားမှုအပေါ် ကန့်ကွက်လိုသူများအနေဖြင့် ဇန်နဝါရီ ၅ ရက်နေ့အထိ မြေစာရင်းဌာနတွင် သွားရောက်ကန့်ကွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကမ်းခြေလေးခုအနက် မြေဧက ၁၄၀ ခန့်တွင်ပြုလုပ်မည့် ပဲ့စင်ကျွန်း ကမ်းခြေတွင် နိုင်ငံတကာ အဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှုလုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်မည့်ဆိပ်ကမ်း၊ ကစားကွင်းများနှင့် အိမ်ယာ စီမံကိန်းလုပ်ငန်းများပါဝင်ကြောင်း သိရသည်။
ကျောက်တွင်းကမ်းခြေရှိ မြေ ၁၃၈ ဧကပေါ်တွင် နိုင်ငံတကာ အဆင့်မီ ခရီးသွားလုပ်ငန်း၊ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်းနှင့် အိမ်ရာစီမံကိန်းလုပ်ဆောင်ရန် လျှောက်ထားခြင်းဖြစ်ပြီး စမ်းလှမ်းကမ်းခြေအနီးရှိ ၇ ဒသမ ၉၈ ဧက တွင် ခရီးသွားလာရေးလုပ်ငန်းနှင့် ကမ္ဘာအဆင့်မီ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပညစ်ကျေးရွာအုပ်စုရှိ ပညစ်ကျွန်း အကျယ်အဝန်း ၁၁ ဒသမ ၉၉ ဧကတွင် ဟိုတယ်နှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေ ဝန်ဆောင်မှု လုပ်ငန်းအတွက် လေ ျှာက်ထားကြောင်း သိရသည်။