ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်း ပီမြို့၌ လေယာဉ်ကွင်း တည်ဆောက် လျက်ရှိရာ လေယာဉ်ကွင်းငယ်တည်ဆောက်ခြင်းလုပ်ငန်း ၂၂ ရာခိုင်နှုန်း နှင့်တောင်ဖြိုလုပ်ငန်း ၃၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လေယာဉ်ကွင်းငယ် တည် ဆောက်မှုမှာ MAD အထောက်အပံ့ နှင့် Health & Hope Myanmar ဖောင်ဒေးရှင်း၏ အနီးကပ်ကြီးကြပ် မှုဖြင့် New Asia Star Khat ကုမ္ပဏီ မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအားလုံး အကောင်အထည် ဖော်နိုင်မှုမှာ ၂၂ ရာခိုင်နှုန်း ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်ကွင်းမှာ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် တည်ဆောက်လျက်ရှိပြီး ၂၀၂၀ ပြည့် နှစ် မေလကုန်တွင် လုပ်ငန်းအပြီးသတ် နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် နေကြကြောင်းနှင့် လေယာဉ်ကွင်း ပြီးစီးပါက လူ ၁၈ ဦးဆံ့ ဘက်စုံသုံး လေယာဉ် ဆင်းသက်နိုင်မည်ဖြစ် ကြောင်း သိရသည်။