ရန်ကုန်မိုးပျံလမ်းစီမံကိန်း တည်ဆောက်မည့်သူ စာရင်း


13 December, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအတွက် တင်ဒါအောင်ကုမ္ပဏီ အပြီးသတ်ရွေးချယ်မှုကို အောက်တိုဘာလတွင် အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
 
ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားမှုတွင် ရန်ကုန်မိုးပျံလမ်းစီမံကိန်းအပိုင်း (၁) အတွက် မြန်မာနိုင်ငံအပါအဝင် ခုနှစ်နိုင်ငံမှဆန်ခါတင်လျှောက်လွှာ (၁၂)စောင်ရရှိကြောင်းသိရသည်။
 
လက်ရှိတွင် ဆန်ကာတင်ရွေးချယ်ထားသည့် ကုမ္ပဏီ (၁၀) ခုထဲမှ ပြင်သစ်ကုမ္ပဏီတစ်ခုက လာရောက်ခြင်းမရှိကြောင်း၊ ဆက်လက်ယှဉ်ပြိုင်မှုလုပ်မလုပ်ကိုတော့ Request For Proposal(RFP) မတင်တော့ကြောင်း အတည်ပြုမှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
 
မိုးပျံလမ်းစီမံကိန်းအရှည် ၄၇ ဒသမ၅ကီလိုမီတာရှိမည်ဖြစ်ပြီး အပိုင်း (၁) အဖြစ် အရှေ့ဘက်ခြမ်းလေးလမ်းသွားလမ်းမကြီး အရှည် ၁၉ ကီလိုမီတာ၊အရှေ့နှင့်အနောက်ချိတ်ဆက်ထားသော အရှည်ခြောက်ကီလိုမီတာရှိ လေးလမ်းသွားလမ်း၊ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာအရှည် ရှိမည်ဖြစ်ပါသည်။
 
ယခုစီမံကိန်းကိုပုဂ္ဂလိကနှင့်ပူပေါင်းဆောင်ရွက်သည့် စနစ်ဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယှဉ်ပြိုင်ရမယ့် သဘောတူညီချက် စာချုပ်ကို စက်တင်ဘာလမှာထုတ်ပြန်ရမည်ဖြစ်ကြောင်းနှင့်အပြီး သတ်ကို အောက်တိုဘာလထဲတွင် ရွေးချယ်သွားမှာဖြစ်ပြီး ၂၀၂၀ ဇူလိုင်လတွင် စီမံကိန်းလုပ်ငန်းတည်ဆောက် မှုကို စတင်ရန်စီစဉ်ထားပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟုခန့်မှန်းထားကြောင်း သိရပါသည်။

Local Read 43 times